ချယ်လ်ဆီးအသင်းမှစပိန်တိုက်စစ်မှူးကို မနေ့က မက်ဒရစ်မြို့သို့သွားရောက်ခဲ့ပြီး ယနေ့တွင်အက်သလက်တီကိုအသင်းနှင့် ဆေးစစ်မှုခံယူခဲ့တာပဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းသည် တိုက်စစ်မှူးဟီဂူအင်ကို ခေါ်ယူခဲ့ပြီးနောက် မိုရာတာကို အက်သလက်တီကိုအသင်းထံ ရာသီကုန်အထိ အဌားချရန် ပေါင်ကိုးသန်ုးဖြင့် သဘောတူခဲ့ခြင်းကြေင့် မိုရာတာမှာ မက်ဒရစ်သို့ သွားရောက်ဆေးစစ်မှုခံယူခဲ့တာပဲ ဖြစ်ပါတယ်။ 

အက်သလက်တီကိုအသင်းက ရာသီကုန်တွင် မိုရာတာကို အပြီးသတ်ခေါ်ယူမည်ဆိုရင် ပေါင် ၄၈ဒသမ ၅ သန်းအထိ ပေးပြီးခေါ်ယူနိုင်ရန်လည်း နှစ်သင်းကြားကြိုတင်သဘောတူညီမှု ရယူထားတာပဲ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်ရှိပြီ ဖြစ်သော မိုရာတာသည် ဆယ်ကျော်သက်အရွယ်က အက်သလက်တီကိုတွင် ကစားခဲ့ပြီး ထိုမှတစ်ဆင့် ဂီတာဖေး ၊ ထိုမှတစ်ဆင့် ရီးရဲလ်သို့ပြောင်းခဲ့ပြီး ရီးရဲလ်မှ ဂျူပင်တပ်စ် ၊ ထိုမှတစ်ဆင့် ရီးရဲလ်သို့ပြန်ကစားကာ ၂၀၁၇ ခုနှစ်တွင် ချယ်လ်ဆီးသို့ပေါင် ၇၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူပဲ ဖြစ်ပါတယ်။  

နည်းပြဆာရီ လက်အောက်တွင် မိုနာတာဟာ ယခုရာသီတွင် ၂၄ ပွဲကစားခွင့်ရရာတွင် ကိုးဂိုးသွင်းနိုင်ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ငါးဂိုးပါဝင်ခဲ့သော်လည်း နည်းပြဆာရီက ၎င်းရဲ့ခြေစွမ်းဟာ လုံလောက်မှုမရှိခြင်းကြောင့် ပွဲထွက်မသုံးတော့ပဲ ဟာဇက်ကို တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။