မြန်မာ့ရိုးရာယဉ်ကျေးမှုတွေထဲက မြန်မာ့ရိုးရာဆိုင်းပညာကိုတော့ ပရိသတ်တွေလည်း ယနေ့ထိတိုင်အားပေးနေကြအုန်းမယ်ထင်ပါတယ်။ နာမည်ကြီး ဆိုင်းပညာရှင်များစွာရှိနေပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ဆိုင်းတွေထဲမှာရွှေမြန်မာ့ဟိန်းဇော် ဆိုင်းအဖွဲ့လည်း ပါဝင်နေပါတယ်။ ဇာတ်ပွဲရာသီဖြင့်တာနဲ့အညီ ဇာတ်သမားများကတော့ နယ်လှည့် ဖျော်ဖြေမှုတွေပြုလုပ်နေရပြီး ပရိသတ်များစွာလည်း သွားရောက်အားပေးခဲ့ကြတာတွေ့ရပါတယ်။  

အဆိုပါ ရွှေမြန်မာဟိန်းဇော်ဆိုင်းအဖွဲ့ယာဉ်တစ်စီးကတော့ ဒီကနေ့မှာပဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး " ရွှေမြန်မာ ဟိန်းဇော် ငါးဇွန်နယ်ဘက်က ဆိုင်းကားသမား လဂွင်းတီး နှစ်ယောက်သေဆုံး ဆေရုံကြီးမှပြန်လာသောသူအချို့ရဲ့ပြောကြားချက်အရ ကြေးတီးနဲ့လက်ကွင်းတီးတော့ဆုံးသွားပြီ ဖြစ်ကြောင်း" သိရပါတယ်။ ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး ကားသမားမူးပြီးမောင်းတယ်လို့သိရပါတယ်။ 

ငါန်းဇွန်မြို့နယ် လက်ပန်ကျင်းရွာကိုအသွား ရွာမရောက်ခင်မှောက်ခဲ့တာဖြစ်ပြီး လူ ၂ ယောက်ကတော့ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၈ ယောက် ဒဏ်ရာရရှိကာ ဆေးရုံ ရောက်ရှိနေပြီဖြစ်ကြောင်းသိရပါတယ်။ စိတ်မကောင်းစရာဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုမြင်ကွင်းပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Chit Ko Gyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။