ပြည်တွင်းနေ့စဉ် လူသေဆုံးမှုတွေထဲမှာ စိတ်မကောင်းစရာဖြစ်ရပ်ဆန်းကြီးတွေကတော့ မကြာခဏဆိုသလိုဖြစ်ပေါ်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ လူသေဆုံးမှုတွေထဲမှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ တောနော် ရေတံခွန်တွင်ဖြစ်ပေါ်ခဲ့တဲ့ လူသေဆုံးမှုကတော့ လက်ရှိပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါပြီ။  

ဇန်နဝါရီလ ၂၇ရက်(တနင်္ဂနွေနေ့) မနေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ " ရေတံခွန် တွင် မိန်းကလေး ၂ ဦး အမြင့်မှပြုတ်ကျသေဆုံးမှု့ဖြစ်ပွား ခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး" ကရင်ပြည်နယ် မြဝတီရှိ ကော့ကရိတ် အာရှလမ်းဘေးတွင် ရှိသော တောနော်ရေတံခွန်တွင် မနေ့က မနက် ၁၀နာရီခွဲ ဝန်းကျင်ခန့်တွင် အမျိူးသမီး၂ယောက် အမြင့်မှ ပြုတ်ကျပြီး တစ်ဦး အခင်းဖြစ်ပွားရာ နေရာမှာ သေဆုံးပြီး ကျန်တစ်ဦးကို မြဝတီဆေးရုံ အပို့မှာပဲ သေဆုံးသွားတယ်လို့" ကနဦးသိရှိရပါတယ်။ 

စက်ရုံပိတ်ရက်မှာ အလည်လာကြတဲ့ စက်ရုံအလုပ်သမတွေလို သိရပြီး ပဲခူး ဒိုက်ဦး ဘက်ကဖြစ်ကြောင်း သိရပါတယ်။ ကောင်မလေးတယောက်မှာ မစုမြတ်ဝေလို့သိရပါတယ်။ မဲကုတာဖေါင်အထည်ချုပ်စက်ရုံက အလုပ်သမလေးတွေဟု သိရပြီး အဝေးက မိဘတွေအတွက်တော့ ရင်ကွဲစရာ ဖြစ်ရပ်ဆိုးကြီးပဲဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ အဆိုပါ ဖြစ်စဉ်ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

vide0 - people's vioce

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။