ယခုခေတ်မှာ စမတ်ဖုန်းဆိုတာဟာ လူတိုင်းရဲ့နေ့စဉ်အသုံးဆောင်တစ်ခု ဖြစ်သလို အမြဲထက်ကြပ်မကွာရှိနေတဲ့ အရာတစ်ခုလည်း ဖြစ်လာပါတယ်။ OPPO A7 မှာ ခန့်ညားလှပပြီး အနုပညာဆန်တဲ့ 3D ဖန်သားပုံစံ ဂရစ်လိုင်းသဏ္ဍာန် နောက်ခံဒီဇိုင်း နှင့် မျက်နှာပြင်ပေါ်မှ ာရေစက်လေး တစ်စက်တွဲခိုနေဟန်ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ A7 ဟာဆိုရင် လူငယ်တွေစိတ်တိုင်းကျစေမည့် ဖက်ရှင်ကျကျ ကျော့ရှင်းလှပတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ကင်မရာပိုင်းကို ကြည့်မယ်ဆိုရင်လည်း A7 မှာ အဆင့်မြင့်နည်းပညာ AI Beauty 2.0 ထောက်ပံ့ထားတဲ့ 16MP ရှေ့ကင်မရာ နှင့် 13MP+2MP နောက်ကင်မရာ ၂ လုံး ပါဝင်သည့်အပြင် ချစ်စရာကောင်းတဲ့ AR Stickers တွေလည်း ထည့်သွင်းပေးထားတာကြောင့် ထူးခြားဆန်းပြားပြီး ပျော်ရွှင်စရာ ပုံရိပ်တွေကို ဖန်တီးနိုင်မှာပါ။
နေ့စဉ်ဖုန်းပြောမယ်၊ အင်တာနက်သုံးမယ်၊ ဂိမ်းကစားမယ် ဆိုတဲ့ အလုပ်တွေကို လုပ်မယ်ဆိုရင် လိုအပ်တာကတော့ တာရှည်ခံပြီး အသုံးခံနိုင်တဲ့ battery သက်တမ်းပါတဲ့ စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ OPPO A7 ဟာဆိုရင် ဘက်ထရီအသားပေးဖုန်းတစ်လုံး ဖြစ်တာကြောင့် ဖုန်းအသုံးများသူတွေ သာမက ဂိမ်းဝါသနာအိုးတွေပါ အသားပေး ရွေးချယ်သင့်တဲ့ ဖုန်းသစ်တစ်လုံး ဖြစ်ပါတယ်။ A7 မှာ အရွယ်အစားကြီးမားပြီး တာရှည်ခံတဲ့ ဘက်ထရီပမာဏ 4230 mAh ပါဝင်လာတဲ့ အညီ သုံးစွဲသူတွေအနေနဲ့ Standby Modeကို နာရီပေါင်း ၄၁၀ ခန့်၊ သီချင်းနားထောင်တာကို ၁၆၀ နာရီခန့်၊ ဗီဒီယိုကြည့်တာကို ၁၇ နာရီခွဲခန့်၊ ပုံမှန်ဖုန်းသုံးတာကိုတော့ ၁၉ နာရီခန့်အထိ လုပ်နိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် AndroidOS 8.1အခြေခံထားတဲ့ ColorOS 5.2 Version အသစ်ပါ ထည့်သွင်းထားတာကြောင့်လည်း CPU နဲ့ GPU လုပ်ဆောင်ရည်တို့ကို မြှင့်တင်ပေးမှာဖြစ်ပြီး ဖုန်းစွမ်းဆောင်ချက်တွေကို ပိုမိုမြန်ဆန်စေမှာပါ။ AI ဘက်ထရီ လုပ်ဆောင်ချက်ပါရှိတာကြောင့်လည်း အသုံးနည်းတဲ့ Application တွေကို Auto Sleep Mode ဖြစ်စေပြီး မလိုအပ်တဲ့ Cache Data အပိုတွေကို နည်းပါးစေတာကြောင့် ဘက်ထရီအားကို ပိုတာရှည်ခံစေမှာပါ။ ဒီ OPPO A7 ကိုတော့ ပြည်တွင်းဈေးကွက်မှာ Glaring Gold နှင့် Glaze Blue အရောင်နှစ်မျိုးကိုဖြင့် မြန်မာကျပ် (၂၉၉၉၀၀) နှစ်သိန်း ကိုးသောင်းကိုးထောင့် ကိုးရာ ကျပ် တည်းဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အတူတူ အားပေးလိုက်ကြရအောင် နော် ။
https://www.facebook.com/bkw83/
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။