Ander Herrera ဟာ မန်ယူအသင်းရဲ့ ယာယီနည်းပြဖြစ်တဲ့ Ole Gunnar Solskjaer ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကစားကွက်တွေကို ယံကြည်တယ်လို့ပြောကြားခဲ့ပါတယ်။ ထို့အပြင်သူဟာ Solskjaer နဲ့ Mourinho တို့ရဲ့ကွာခြားပုံကိုလဲ ပြောကြားခဲ့ပါသေးတယ်။ Herrera ဟာလဲခြေစွမ်းဟာလဲ မထင်ရင်မထင် သလိုကောင်းကောင်းလာပါတယ်။ သူကလဲ့အာ့ကြောင့်ပဲ နည်းပြနှစ်ယောက်ရဲ့ ကွားခြားချက်တွေကို ပြောခဲ့တာပဲဖြစ်ပါတယ်။  

" ကျွန်တော်တို့တွေ ခုကစားနေတာ အတိုင်းအတာမရှိပါဘူး...ဟုတ်ပါတယ်...Ole ရောက်လာကတည်းက ကျွန်တော်တို့ အသင်းကစားကွက်တွေက စနစ်ကျလာပါတယ် " လို့ FA ပွဲမှာ Arsenal ကို ၃ဂိုး၁ဂိုးနဲ့နိုင်ပြီးနောက်မှာ ပြောခဲ့ပါတယ်။ " ကျွန်တော်တို့တွေ အောင်မြင်မှုတွေကို အတူတူ မျှဝေခံစားကြရပါတယ်...ကစားတဲ့အခါမှာလည်းပြုံးပျော်ရွှင်စွာ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်မိပြီး ရလင်္ဒကတော့ ခင်ဗျားတို့တွေ့တဲ့ အတိုင်းပါပဲ " လို့ပြောကြားခဲ့ပါသေးတယ်။ 

" ရှေ့တန်းကစားသမားတွေဆိုရင် လွတ်လွတ်လပ်လပ်ကစားလို့ရပါပြီ.....ကျွန်တော်တို့ဘောလုံး ဆုံးရှုံးတဲ့အခါမှာဆိုရင်လဲ အားလုံးဟာ ခံစစ်ကစားကြပါတယ်...အာ့တွေကြောင့်ပဲ ကျွန်တော်တိုတွေ အနိုင်ရရှိနေတာပါ " လို့ထပ်မံပြောခဲ့ပါတယ်။ Herrera ပြောသွားတဲ့ စကယးတစ်ချို့ဟာ Mourinho ကိုသွယ်ဝိုက်ပြောဆိုခြင်းပဲဖြစ်ပါတယ်။ ဘယ်စကားက ပိုထိရောက်လဲဆိုရင် " ကျွန်တော်တို့ ကစားရတာ အတိုင်းအတာမရှိပါဘူး " ဆိုတဲ့စကားက ထိစေပါတယ်။ မန်ယူဟာ အင်္ဂါနေ့မှာဆိုရင် Premier League မှာ Burnley နဲ့ တွေ့ရမှာပဲဖြစ်ပါတယ်။

Source : Daily Mail Sports 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။