နီနီခင်ဇော်ရှဲ့ တစ်ကိုယ်တော်ပွဲ တစ်ခုဖြစ်တဲ့ Redvolution Show ကိုတော့ ဧပြီ(၁)ရက်နေ့ ပြည်သူ့ရင်ပြင်မှာကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပြီး အဆိုပါပွဲအတွက် လက်မှတ်အရောင်းပွဲကို ၁၉ရက်နေ့က လှည်းတန်းစင်တာမှာကျင်းပခဲ့ပါတယ်။ Dancer တွေကပြနေရင်း နီနီခင်ဇော် ရုတ်တရက်ရောက်လာပြီး ပရိသတ်တွေကိုဖျော်ဖြေရင်းနဲ့ သင်္ကြန်အကြို ရေပြွတ်သေနတ်များနဲ့ ပျော်ပျော်ပါးပါးရေကစားခဲ့ကြပါတယ်။

REDVOLUTION ပွဲအတွက် ပရိသတ်တွေကကြိုတင်လက်မှတ်တွေအားပေးချက်ကတော့ ကမ်းကုန်ပါပဲ။ အခုဆိုရင် လက်မှတ်တွေရဲ့ (၇၀)ရာခိုင်နှုန်းလောက် ရောင်းလို့ကုန်သွားပါပြီ။ 

ဖျော်ဖြေပွဲနဲ့ ပတ်သတ်ပြီးတော့လည်း နီနီခင်ဇော်က

"တစ်ကိုယ်တော်ပွဲတွေကို Solo Concert, One Lady Show ဆိုပြီးပဲ များသောအားဖြင့် သုံးကြ ပါတယ်။ နီနီကတော့ နီနီ့ရဲ့ Showလေးကို Logo တစ်ခု၊ Theme တစ်ခုအနေနဲ့ သွားချင်ပါတယ်။ ဒီ Show ကို ပရိသတ်တွေ လက်ခံ ရင်လည်း ဒီ Crew နဲ့ Tour ထွက် ဖို့ ကြိုးစားဆောင်ရွက်ပါတယ်။ အဲဒါကြောင့် တစ်နှစ်တာလုံးအ တွက် နီနီရဲ့ Redvolution ဆိုပြီး နာမည်ပေးခဲ့ပါတယ်’’ လို့ 7day Daily မှာဖြေဆိုထားတာကိုတွေ့ရပါတယ်။

Redvolution Show ဖျော်ဖြေချိန်ကတော့ နှစ်နာရီကြာမြင့်မှာဖြစ်ပြီး အဖွင့်အစီအစဉ်၊ Band နဲ့ ဖျော်ဖြေတဲ့အစီအစဉ်၊ သံစုံတီး ဝိုင်းများနဲ့ ဖျော်ဖြေပွဲတဲ့ အစီအစဉ်တွေ ပါဝင်ပြီး သီချင်းစုစုပေါင်း ၂၆ပုဒ် သီဆိုသွားမှာ ဖြစ်ပါတယ်။ 

Photo Source: Ni Ni Khin Zaw Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။