"ယခုနောက်ပိုင်းမှာဆိုရင် လူတိုင်းက ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ သတိမေ့နေတတ်ကြပါတယ်။ စားဝတ်နေရေးအတွက် နေ့စဉ်ရုန်းကန်လှုပ်ရှားနေကြရတာကြောင့် ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးဖို့ အချိန်မပေးနိုင်ကြပါဘူး။ ဒီလိုဆိုရင် ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် မည်သည့်စက်ကိရိယာမှ မလိုပဲ လျှာ အရောင်ပြောင်းလဲမှုကို ကြည့်ရုံနဲ့ သင့်ရဲ့ ကျန်းမာရေးကို အခြေအနေကိုသိရှိနိုင်တယ်ဆိုတာကို ပြောပြပေးချင်ပါတယ်။



ယခုဖော်ပြပေးမှာကတော့ လျှာအရောင်ပြောင်းလဲမှု (၈)မျိုးကို ကြည့်ပြီး သင့်ရဲ့ ကျန်းမာရေးအခြေအနေဘယ်လိုရှိတယ်ဆိုတာကို ပြောပြပေးမှာပါ။

(၁) အဖြူရောင်

သင့်ရဲ့ လျှာက အဖြူရောင်ဘက်ကို ပြောင်းလဲနေပြီဆိုရင်တော့ သင့်ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဖျားနာနေတဲ့ အချိန်တွေ မှိုရောဂါတစ်မျိုးမျိုးစွဲကပ်နေတဲ့ အချိန်တွေမှာလည်း သင့်ရဲ့လျှာက အဖြူရောင်ဖြစ်နေနိုင်ပါတယ်။

(၂) အနီရောက် အစက်အပြောက်လေးများ

သင့်ရဲ့ လျှာမှာ အနီရောင် အစက်လေးတွေ ဖြစ်ပေါ်နေတယ်ဆိုရင်တော့ သင့်ဟာစိတ်ပိုင်းဆိုင် ခံစားမှုတစ်ခုကို ရင်ဆိုင်နေရတာပါ။ စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှု ဖြစ်ပေါ်နေတဲ့ အချိန်မျိုးတွေမှာ လျှာမှာ အနီအရောင်အစက်အပြောက်လေးတွေ ပေါ်လာတတ်ပါတယ်။

(၃) ခရမ်းရောင်

သင့်ရဲ့ လျှာက ခရမ်းရောင်ဘက်ကို အရောင်ပြောင်းနေတယ်ဆိုရင်တော့ သင့်ရဲ့ အဆုတ်နဲ့ နှလုံးတို့ကို အထူးဂရုစိုက်သင့်ပါတယ်။ သင့်ရဲ့ နှလုံးမှာ ပြဿနာတစ်ခုခု ဖြစ်နေနိုင်တဲ့ အပြင် သွေးထဲမှာ အောက်စီဂျင်ဓာတ်လျော့နည်းခြင်းတွေက လျှာကို ခရမ်းရောင်ပြောင်းစေပါတယ်။

(၄) အဝါရောင်

သင့်ရဲ့ လျှာက အဝါရောင်ဘက်ကို ကူးပြောင်းနေတယ်ဆိုရင်တော့ အစာအိမ် ဒါမှမဟုတ် အသည်းနဲ့ ပတ်သတ်တဲ့ ရောဂါတစ်ခုခုကို ခံစားနေရတာဖြစ်ပါတယ်။ အရက်နဲ့ ဆေးလိပ်သောက်တဲ့ သူတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။

(၅) အညိုရောင်

သင့်ရဲ့ လျှာက အညိုရောင်သမ်းနေတယ်ဆိုတော့ အဆုတ်မှာ ပြဿနာတစ်ခုခု ဖြစ်နေတာဖြစ်ပါတယ်။ များသောအားဖြင့် လျှာအညိုရောင်သမ်းခြင်းက ဆေးလိပ်နဲ့ ကော်ဖီ သောက်တဲ့ သူတွေမှာ ဖြစ်ပွားမှုပိုများပါတယ်။

(၆) အပြာရောင်

သင့်ရဲ့ လျှာက ထူးထူးခြားခြား အပြာရောင်ဖြစ်နေတယ်ဆိုရင်တော့ ကျေက်ကပ်နဲ့ ပတ်သတ်တဲ့ ရောဂါတစ်ခုခုဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်တိုင်ပင်ဆွေးနွေး သင့်ပါတယ်။

(၇) အနီရောင်ရဲရဲ

သင့်ရဲ့ လျှာက ရဲတောက်နေတဲ့ အနီရောင် အသွင် ဖြစ်နေတယ်ဆိုရင်တော့ နှလုံးရောဂါ ဒါမှမဟုတ် သွေးနဲ့ ပတ်သတ်တဲ့ ရောဂါတစ်ခုခု ခံစားနေရတဲ့ လဏ္ခာပဲဖြစ်ပါတယ်။

(၈) ပန်းရောင်

သင့်ရဲ့ လျှာက ပန်းရောင် အသွင်လေးဖြစ်နေတယ်ဆိုရင် သင့်ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်စရာမလိုတဲ့ အခြေအနေဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင်တော့ ကျန်းမာရေးကောင်းနေတဲ့ အခြေအနေပါ။

ဒီတော့ သင့်ရဲ့ လျှာကို ကြည့်ပြီး သင့်ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ရောဂါတွေကို သိရှိနိုင်တာမို့လို့ ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:menshealth.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။