ပီအက်စ်ဂျီအသင်းနည်းပြ ကူချယ်လ်က ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မန်ယူအသင်းနှင့်ယှဉ်ပြိုင်ကစားရမည့်ပွဲစဉ်တွင် အသင်းရဲ့အဓိကကစားသမား နေမာပါဝင်ဖွယ်မရှိဟု ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ နေမာသည် စထရာဘော့အသင်းနှင့်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ပြီးနောက် လိုအပ်သည့်ဆေးစစ်မှုခံယူခဲ့ရာ အသင်းဆေးအဖွဲ့က ၎င်းရဲ့ဒဏ်ရာဟာ မည်သည့်ကာလထိအနားယူရမည်ကို မဆုံးဖြတ်ရသေးသော်လည်း မန်ယူအသင်းနှင့်ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်ကိုလွဲချော်ဖွယ်ရှိတယ်လို့နည်းပြတူချယ်လ်ထံ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ (၁၆)သင်းအဆင့် ပထမအကျော့အဖြစ် လာမည့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အိုးထရက်ဖို့ဒ်ကွင်းတွင်မန်ယူအသင်းနှင့် ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းနည်းပြ တူချယ်လ်က " နေမာရဲ့ဒဏ်ရာအခြေအနေနဲ့ပက်သက်လို့ဆေးအဖွဲ့ကလဲ ဆုံးဖြတ်ရခြင်းမရှိသေးပါဘူး။ ကာလရှည်အနားယူဖို့တော့ရှိပါတယ်။ ဒါပင်မဲ့ ဘယ်အချိန်ထိ အနားယူရမလဲဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။ မန်ယူအသင်းနဲ့ ပွဲစဉ်ကိုတော့ သူ့အနေနဲ့လွဲချော်ဖွယ်ရှိတယ် " လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။  

ပီအက်စ်ဂျီ အသင်းဟာ နေမာအပြင် ကွင်းလယ်လူ ဗာရာတီမှာလည်း ခြေကျင်းဝတ် ဒဏ်ရာရနေပြီး ချန်ပီယံလိဂ်ပွဲအမီ ပြန်ကစားနိုင်ဖို့ စောင့်ကြည့်နေရပါတယ်။

Source - Goal.com 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။