ယူအေအီးနိုင်ငံမှာကျင်းပနေတဲ့အာရှလားပြိုင်ပွဲကတော့လက်ရှိမှာဆီမီးဖိုင်နယ်တွေကစားပြီးဂျပန်အသင်းကတော့ဗိုလ်လုပွဲကိုရောက်နေပါပြီ။ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲကတော့အာရှထိပ်သီးတွေဖြစ်ကြတဲ့ကာတာအသင်းနဲ့အိမ်ရှင်ယူအေအီးတို့ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။ယူအေအီးအသင်းကလည်းအိမ်ရှင်ပီပီအကောင်းဆုံးခြေစွမ်းတွေနဲ့အောင်မြင်ဖို့ကြိုးစားနေတဲ့အသင်းဖြစ်ပါတယ်။

ကာတာအသင်းကလည်း၂၀၂၂ကမ္ဘာဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်ကျင်းပပြုလုပ်မှာဖြစ်တာကြောင့်ယခုတည်းအကောင်းဆုံးကြိုးစားပြင်ဆင်နေတာဖြစ်တာကြောင့်အကောင်းဆုံးခြေစွမ်းတွေမှာရှိနေတာပါ။မကြာခင်ပြီးဆုံးတော့မယ့်အာရှဖလားပြိုင်ပွဲမှာတော့နိုင်ငံတစ်ကာကလပ်အသင်းတွေကလည်းကစားသမားတွေခြေစွမ်းကိုစောင့်ကြည့်ပြီးခေါ်ယူဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။အဲ့ထဲမှာမှအာရှဖလားအပြီးဥရောပကလပ်တွေကမျက်စိကျနေတဲ့ကစားသမားတွေကိုလည်းပရိသတ်တွေသိစေဖို့တင်ဆက်ပေးကပါတယ်။

အလီရီဇာဘယ်ရန်ဗန့်(အီရန်)အသင်းရဲ့ဂိုးသမားဖြစ်ပြီးပြီးခဲ့တဲ့ကမ္ဘာဖလားတုန်းကရော်နယ်ဒိုပယ်နတီကိုကာကွယ်နိုင်သူဖြစ်ပါတယ်။ ဟွမ်အီဘွမ်(တောင်ကိုရီးယား)အသင်းရဲ့လူငယ်ကွင်းလယ်ကစားသမားဖြစ်ပြီးဥရောပကလပ်အသင်းတွေကမ်းလှမ်းခံထားနေရပြီဖြစ်ပါတယ်။မိုဟာနက်ဒ်အလီ(အီရတ်)အသင်းရဲ့လူငယ်ဖြစ်ပြီး အီတလီကလပ်တွေကတောင်ကမ်းလှမ်းထားတာဖြစ်ပါတယ်။ငုယင်ကွမ်ဖောင်(ဗီယက်နမ်)အသင်းရဲ့ကစားသမားဖြစ်ပြီးအသင်းမှာခြေစွမ်းပြနိုင်တာကြောင့်ဂျေလိဒ်ကလပ်တွေကမ်းလှမ်းခြင်းကိုခံနေရတာဖြစ်ပါတယ်။အယ်လ်မွန်အလီ(ကာတာ)အသင်းတိုက်စစ်မှုးဖြစ်ပြီးခုအာရှဖလားမှာ၇ဂိုးအထိသွင်းယူထားတာကြောင့်ဥရောပကလပ်တွေကခေါ်ယူဖို့ကမ်းလှမ်းထားခဲ့တာပါ။အဆိုပါကစားသမားတွေကတော့အာရှဖလားအပြီးဘယ်အသင်းရောက်မလဲဆိုတာတော့ပရိသတ်တွေစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

SOURCE:For Sport Asia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။