နယ်သာလန်နိုင်ငံအတွင်းက သည်ဂိတ်ဟ်မြို့မှာတော့ ဓတ်ငွေယိုစိမ့်ရာကနေ ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။

၎င်းပေါက်ကွဲမှုကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ၇က်နေ့က ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ၎င်းပေါက်ကွဲမှုကြောင့်ဘဲ တိုက်ခန်းတွဲ တခုပြိုကျခဲ့ပါတယ်။

၎င်းအဆောက်အဦးပြိုကျမှုကြောင့် လူ ၉ ဦးလောက်ဒဏ်ရာရရှိခဲ့သလို ၇ ဦးကိုတော့ နီးစပ်ရာဆေးရုံကို အမြန်ပို့ဆောင်ပေးခဲ့ရပါတယ်။

ဒါ့အပြင် လူ ၁ ဦးကတော့ အပျက်အစီးတွေကြားမှာ ညပ်မိနေဆဲဖြစ်သလို သူ့ရဲ့အသက်ကတော့ ရှင်သန်နေဆဲဖြစ်တယ်လို့သိရပါတယ်။

၎င်းပြိုကျခဲ့တဲ့ အဆောက်အဦးရဲ့အခြေအနေ့ မတည်မငြိမ်ဖြစ်နေတာကြောင့် မနေ့ကထိ ကယ်ဆယ်ရေးတွေလုပ်ရာမှာ အခက်တွေ့မှုတွေဖြစ်ပေါ်နေပါတယ်လို့သိရပါတယ်။ 

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။