ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာတော့ ဘယ်လ်ဂျီယံနိုင်ငံရဲ့ မြို့တော် ဘရပ်ဆဲမှာ ထောင်နဲ့ချီတွေ လူတွေဟာ ချီတက်ပွဲကြီးကျင်းပခဲ့တယ်လို့သိရပါတယ်။

၎င်းပြည်သူတွေကတော့ နိုင်ငံရေးသမားတွေကို ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ကတိတည်ကြဖို့ မိုးထဲရေထဲမှာ ချီတက်ပြီး တိုက်တွန်းဆန္ဒပြခဲ့ကြတာပဲဖြစ်ပါတယ်။

၎င်းချီတက်လာကြတဲ့ ပြည်သူတွေကတော့ ဆိုင်းဘုတ်တွေကို ကိုင်စွဲကာ ကမ္ဘာကြီး သေဆုံးနေတာကို ငြင်းနေတာတွေ ရပ်ကြပါတော့၊ မတ်တပ်ရပ်နေတဲ့ အရာအတွက် ရပ်တည်မယ် ဆိုတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း ချီတက်ခဲ့ကြတာပဲဖြစ်ပါတယ်။

၎င်းဆန္ဒပြသူတွေဟာ ဥရောပသမဂ္ဂ လွှတ်တော်အမတ်တွေကို သတင်းစကားပေးဖို့ ဥရောပလွှတ်တော် အဆောက်အဦဆီ ဦးတည်ထားတဲ့ လမ်းအတိုင်း လျှောက်လှမ်းပြီး ဆန္ဒပြခဲ့ကြတာပဲဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ လတုန်းကလည်း ၎င်း ဘရပ်ဆဲလ်မြို့အတွင်းမှာတင် ဒီအကြောင်းအရာနဲ့ အလားတူဆန္ဒပြပွဲပေါ်ပေါက်ခဲ့ဖူးပါသေးတယ်လို့သိရပါတယ်။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။