တာလီဘန်တွေ ရေးဆွဲထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်မူကြမ်းကိုတောာ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကောင်စီက ကြိုဆိုလက်ခံခဲ့ပါတယ်။

ဒါ့အပြင် ၎င်းငြိမ်းချမ်းရေး မူကြမ်းကို ကဘူးလ်မြို့တော်က ဒေသခံပြည်သူတွေကလည်း လက်ခံကြိုဆိုခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် အမေရိကန်ဟာဆိုရင်လည်း သူတို့ရဲ့ သက်တမ်းအကြာဆုံးစစ်ပွဲ အဆုံးသတ်ရေးအတွက် အာဖဂန်ကနေ နိုင်ငံခြားတပ်တွေ ၁၈ လအတွင်း ဆုတ်ခွာရေး သဘောတူညီချက် မူကြမ်းကို သဘောတူညီချက် မူကြမ်းကို သဘောတူခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ၎င်းဒေသခံပြည်သူတွေဖြစ်တဲ့ ကဘူးလ်မြို့ကပြည်သူတွေဟာ ငြိမ်းချမ်းတဲ့ အာဖဂန်နစ္စတန် နိုင်ငံဖြစ်လာရေးအတွက် သူတို့ရဲ့ဆန္ဒတွေကို အတိအကျထုတ်ဖော်ပြောကြားနေကြပါတယ် လို့သိရပါတယ်။

SOURCE  -DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။