တစ်နေ့ထက်တစ်နေ့ပိုမိုဆိုးရွားလာတဲ့ ပြည်တွင်းလက်နက်ကိုင်ဆောင်မှုတွေနဲ့ လူသတ်မှုတွေကတော့ ပရိသတ်တွေကြားမှာ အမြဲပျံနှံ့လျှက်ရှိတာပဲဖြစ်ပါတယ်။ အဆိုပါ လက်နက်ကိုင်ဆောင်မှုတွေထဲမှာ လက်တလောရေပန်းစားလျှက်ရှိတဲ့ သေနတ်ပစ်ခတ်မှုသတင်းတွေကတော့ ပရိသတ်တွေကြားမှာ မကြာခဏဆိုသလိုကြားသိနေရမယ်ထင်ပါတယ်။ 

ဒီကနေ့ ဇန်နဝါရီလ ၂၉ရက်နေ့မှာလည်း သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ သေနတ်ပစ်ခတ်မှုကတော့ ရှမ်းပြည်နယ် တာချီလိတ်မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကိုယ်ပိုင်ကားမောင်းနှင်လာသူအား ပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။  

မကြာသေးမီကဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်မောင်းသူတစ်ဦးကတော့ ပွဲချင်းပြီး သေဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။ ယာဉ်ရဲ့ အပြင်ဘက်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ကားမှန်ပေါက်ကာ ယာဉ်မောင်းသူကို ထိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းမှုတွေပြုလုပ်လျှက်ရှိပြီး အလောင်းကို တာဝန်ရှိသူတွေထံအကြောင်းကြား အပ်နှံခဲ့ကြောင်း သိရပါတယ်။

Photos - Sai Kham Boo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။