ဝါဆိုမိုးဦးနှင့်သရဲခြောက်တဲ့ဟိုတယ်
မေမြို့ကိုရောက်နေတဲ့မင်းသမီးလေးဝါဆိုမိုးဦးတစ်ယောက်သူ့ရဲ့လူမှုကွန်ယက်မှာပုံလေးတစ်ပုံတင်ခဲ့ပါတယ်။
``အထဲမဝင်ရဲလို့ပါ´´ဆိုပြီးနန်းမြိုင်ဟိုတယ်ဆိုတဲ့ဆိုင်းဘုတ်ကိုလက်ညှိုးထိုးပြထားတဲ့ပုံလေးပေါ့။
ဘာလို့ဝါဆိုတစ်ယောက်နန်းမြိုင်ဟိုတယ်ထဲမဝင်ရဲသလဲဆိုတာကိုကျွန်တော်နည်းနည်းပြောပြပါမယ်။
နန်းမြိုင်ဟိုတယ်ရဲ့ဗျူပွတ်ကဒီလိုပါ။
နန်းမြိုင်ဟိုတယ်ရဲ့အခန်း(၁၀၁)ဆိုတာသရဲခြောက်တယ်လို့တည်းဖူးတဲ့လူတစ်ချို့ကပြောကြပါတယ်။
ဒီနေရာမှာသရဲအခြောက်ခံရဖူးတဲ့ကျွန်တော့်သူငယ်ချင်းတစ်ယောက်အကြောင်းပြောပြပါမယ်။
တစ်နေ့မှာပေါ့မိသားစု၃ယောက်ဟာမေမြို့ကိုရောက်လာကြပါတယ်။အဲ့ဟိုတယ်မှာပဲတည်းကြတယ်ပေါ့။ဟိုတယ်ကအင်္ဂလိပ်ခေတ်ထဲကဆောက်ထားတဲ့အဆောက်အဦး။အဆောင်ထဲကိုဝင်ဝင်ချင်းအကြောထဲစိမ့်ခနဲဖြစ်သွားတယ်။ဟိုတယ်ကလည်းတည်းတဲ့လူရှားနေလို့ထင့် ခြောက်ကပ်နေတယ်
ဟိုတယ်ဝန်ထမ်းလေးကတည်းရမယ့်အခန်းလိုက်ပြတယ်။အဲ့အခန်းကတော့အခန်းနံပါတ်(၁၀၁)။ဟိုတယ်ဝန်ထမ်းလေးကအခန်း(၁၀၁)မှာသော့ခတ်ထားတဲ့အခန်းပိုတစ်ခုပါတဲ့အကြောင်း၊အဲ့အခန်းကိုမဖွင့်ပါနဲ့လို့ပြောပါတယ်။ကျွန်တော်ကလည်းမင့်ဟာကသော့ပိတ်ထားပဲကွငါဖွင့်ချင်တောင်ဖွင့်လို့မရဘူးလို့ပြန်ဘုတောတောလိုက်တယ်။ကျွန်တော်လည်းခရီးပန်းလာတော့အိပ်ပျော်သွားပါရော။
အဖေနဲ့အမေကအပြင်ထွက်ပြီးညနက်တော့ဟိုတယ်ကိုပြန်မလာကြပဲမြို့ထဲမှာပဲအိပ်လိုက်ကြတယ်။ညနေ၅နာရီလောက်ကျတော့ပြန်နိုးလာပြီးအောက်ထပ်ကိုဆင်းထမင်းဆင်းစားတော့ဟိုတယ်ဝန်ထမ်းလေးကပြန်မလို့လုပ်နေတာတွေ့တော့
``ညီလေးမင်းကဒီမှာမအိပ်ဘူးလား´´လို့မေးတော့သူကနေ့မှာပဲစောင်ပြီးညအိမ်မှာပြနန်အိပ်တဲ့အကြောင်းပြောပါတယ်။ညနေစာစားပြီးတော့ပြန်အတက်ကြက်တိန်းတစ်ချက်ထသွားတယ်။စိတ်ထင်လို့ဖြစ်မှာပါလေဆိုပြီးအခန်းထဲဝင်Laptopထဲဇာတ်ကားတွေကြည့်နေလိုက်တယ်။ဖြစ်ချင်တော့ကြည့်မိတဲ့ဇာတ်ကားကလည်းWalking Dead သရဲကား။ည၁၁လောက်အရောက်ဘုရားရှိခိုးပြီးအိပ်မယ်ကြံတော့
ခုတင်ခြေရင်းက
``ခစ် ခစ် ခစ် ဟိဟိဟိ´´ ဆိုတဲ့အသံလေးတွေကြားရတယ်။အသံကကလေးအသံလေးတွေ။ကျွန်တော်လည်းစောင်ခြုံထဲကချောင်းကြည့်တော့ ခုတင်ခြေရင်းသောပိတ်ထားတဲ့အခန်းထဲကလာတာ။
သော့ခတ်ထားတဲ့သံကြိုးန့ဲသော့ခလောက််လဲမရှိတော့ဘူး။
မီးလည်းလင်းနေတယ်။အဲ့ဒါနဲ့ကျွန်တော်လည်းတိတ်တိတ်လေးခြေဖျားထောက်ပြီးချောင်းကြည့်ဖို့လျှောက်လာလိုက်တယ်။ဟနေတဲ့တံခါးလေးကနေချောင်းကြည့်လိုက်တော့ အင်္ဂလိပ်ကလေး၂ယောက်။တစ်ယောက်ကယောကျင်္ားလေး၊နောက်တစ်ယောက်ကမိန်းကလေး၊၅ နှစ် ၆နှစ်လောက်ကလေးတွေ။ခဏနေတော့ကောင်လေးကကောင်မလေးလက်ကိုလှမ်းဆွဲလိုက်တယ်။ကောင်မလေးရဲ့လက်တစ်ဖက်ကပြတ်ပြီးပါလာတယ်။
``အောင်မလေးလက်ပြတ်ကြီး´´လို့ကျွန်တော်လန့်အော်တော့ကောင်လေးနဲ့ကောင်မလေးရဲ့မျက်လုံးသေကြီးတွေကတံခါးကြားကကျွန့်တော်ဆီလှမ်းကြည့်တယ်။ကျွန်တော်လည်းနောက်ကျတဲ့ခြေထောက်သစ္စာဖောက်ဆိုပြီးတစ်ချိုးတည်းထွက်ပြေးတာမီးတွေထန်ထိန်လင်းနေတဲ့စစ်တက္ကသိုလ်ရှေ့ရောက်မှပဲရပ်ဖို့သတိရတော့တယ်။တစ်ညလုံးစစ်တက္ကသိုလ်ရှေ့မှာငုပ်တုပ်ထိုင်နေပြီးမနက်မိုးလင်းတော့မှအမေတို့ဆီဖုန်းဆက်အထုပ်တွေယူပြီးဟိုတယ်ပြောင်းခဲ့ရတယ်။
ဒီလောက်ဆိုဘာလို့ဝါဆိုမိုးဦးမဝင်ရဲသလဲဆိုတာစာဖတ်သူတွေသိပြီထင်ပါတယ်။သူငယ်ချင်းတစ်ယောက်ပြောပြတာကိုဆီလျော်သလိုပြန်ရေးပေးထားတာပါ။ပရိသတ်ကြီးရောဘယ်လိုလဲနန်းမြိုင်ဟိုတယ်ကိုမေမြို့ရောက်တဲ့အခါတည်းရဲရဲ့လား။
Source-Warsomoeoo IG
agu
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။