အောင်မြင်မှုတွေအတွက်ရေရှည်စီမံကိန်းတွေဖော်ဆောင်နေတဲ့မြန်မာဘောလုံးအဖွဲ့ချုပ်ကတော့နှစ်ရှည်စီမံကိန်းတွေကိုအကောင်းထည်ဖော်နေပြီဖြစ်ပါတယ်။ဘောလုံးအားကစားဟာတစ်တိုင်းပြည်လုံးပရိသတ်တွေအားပေးကြမ်းတဲ့အားကစားနည်းပဲဖြစ်ပါတယ်။အောင်မြင်မှုတွေနဲ့ဝေးကွာခဲ့တာအချိန်ကြာပြီဖြစ်တာကြောင့်ယခုလိုသေချာစီမံကိန်းတွေလုပ်ဆောင်နေတာပါ။

ဘောလုံးအားကစားနည်းထဲမှဖူဆယ်ဘောလုံးအားကစားနည်းကလည်းပရိသတ်တွေစိတ်ဝင်စားဆုံးဖြစ်ပါတယ်။ဖူဆယ်လက်ရွေးစင်အသင်းကိုလည်းအောင်မြင်မှုတွေရဖို့ပြင်ဆင်နေတာဖြစ်ပြီးခုမှာလည်းနိုင်ငံတစ်ကာအဆင့်မီဖူဆယ်ကွင်းဆောက်ဖို့စီစဉ်နေတာဖြစ်ပါတယ်။မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF အနေဖြင့် ဖူဆယ်ဘောလုံးလောက တိုးတက်ရေးအတွက်သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင် နှစ်စဉ်ကျင်းပပေးလျက်ရှိတာဖြစ်ပါတယ်။

အဲ့လိုပွဲစဉ်တွေကိုတော့ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ National Indoor Stadium (NIS-1) မှာကျင်းပနေရတာဖြစ်ပြီးမကြာခင်မှုာတော့အဖွဲ့ချုပ်ပိုင်ဖူဆယ်တစ်ကွင်းရှိလာတော့မှာပါ။ပရိသတ် ၂၀၀၀ မှ ၂၈၀၀ အထိအားပေး ကြည့်ရှုနိုင်မည့် နိုင်ငံတကာအဆင့်မီ Indoor Stadium အား သုဝဏ္ဏ အားကစားကွင်းအနီးတွင် မကြာမီ ဆောက်လုပ်သွားတော့မှာဖြစ်ပြီး၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းတွင်ပြီးစီးမှာဖြစ်ပြီးကွင်းပုံစံလေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။