Edinson Cavani က Rennes နဲ့ပွဲမှာ ၂ဂိုးသွင်းနိုင်ခဲ့ပြီး ၄ဂိုး ၁ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ PSG ဟာလဲ Ligue 1 မှာနံပါတ်တစ်နေရာမှာ ရပ်တည်နေပါတယ်။ Neymar ဟာခုချိန်မှာ ဒဏ်ရာရနေတဲ့အတွက် Champion League ကို မန်ယူနဲ့တွေ့မဲ့ပွဲမှာ လွဲချော်မှာပဲဖြစ်ပါတယ်။ PSG ရဲ့ရှေ့တန်းဟာဆိုရင်လဲ ပရိသတ်တွေ သိတဲ့အတိုင်းပါပဲ ကမ္ဘာကျော်ကစားသမား ၃ယောက်ရှိနေတာမို့ ရှေ့တန်းဟာပြောစရာမလိုပါဘူး။ ဖေဖော်ဝါရီ ၁၃ရက်နေ့မှာ မန်ယူနဲ့ Champion League မှာတွေ့မှာဖြစ်ပါတယ်။ 

PSG ဟာလဲ Ligue 1 table မှာ နံပါတ်၂နေရာက Lille အသင်းကို ၁၃မှတ်အကွာနဲ့ နံပါတ်တစ်နေရာကို ရပ်တည်နေပါတယ်။ Rennes နဲ့ပွဲမှာ Cavani ဟာ ပွဲစပြီး ၇မိနစ်အတွင်းမှာပဲ ဂိုးသွင်းခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူမှာခြေစွမ်းကောင်းတွေရှိတာကို သိရှိရပါတယ်။ ထို့နောင် ၂၈မိနစ်အကြာမှာကဲ Rennes ကချေပဂိုးပြန်လည်သွင်းခဲ့ပါတယ်။ ပွဲချိန်ပြီးဆုံးသွားချိန်မှာတော့ PSG ဟာ ၄ ဂိုး ၁ဂိုးနဲ့ Rennes ကိုအနိုင်ရခဲံပါတယ်။ 

Champion League ပွဲဖြစ်တဲ့ မန်ယူနဲ့တွေ့မဲ့ပွဲမှာ Neymer ကဒဏ်ရာကြောင့်မပါဘူးဆိုတော့ မန်ယူအတွက်အာ့က အခွင့်အရေးများဖြစ်နေမလား။ မန်ယူဟာလဲ ခုချိန်မှာ နည်းပြ ဆိုးရှားရောက်လာတဲ့အချိန်ကစပြီး နိုင်ပွဲတွေ ဆက်နေပါတယ်။ အာဆင်နယ်ကိုလြ ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်ယူကစားသမားတွေကလဲ နည်းပြဆိုးရှားရဲ့လက်အောက်မှာ ကစားရလို့ ပျော်ရွှင်နေကြပါတယ်။ မန်ယူပရိသတ်တွေ ဟာလဲခုချိန်မှာ သူတို့အသင်းကို ကျေနပ်အားရပီတိဖြစ်နေပါတယ်။

Source : Daily Mail Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။