ကမ္ဘာကျော် ဘောလုံးကစားသမားကြီး တစ်နည်းအားဖြင့် အတော်ဆုံး ဂိုးသမားတွေထဲကတစ်ယောက်ဖြစ်တဲ့ Gianluigi Buffon ဟာ တနင်္လာနေ့က အသက် ၄၁နှစ်ပြည့်ခဲ့ပါတယ်။ သူရဲ့မွေးနေ့အတွက်လဲ ဥရောပ အကျော်အမော် ဘောလုံးကစားသမားတွေက သူ့ကိုဆုတောင်းစကားတွေပြောကြပါတယ်။ သူဟာ အီတလီကစားသမားတစ်ယောက်ဖြစ်ပြီး ၁၉၉၅ခုနှစ်ကတည်းက ဂိုးသမားအနေနဲ့ကစားခဲ့တာဖြစ်ပြီး ခုချိန်မှာဆို PSG မှာကစားနေတာပဲဖြစ်ပါတယ်။ 

သူရဲ့မွေးနေ့မှာ အသင်းဖော်တွေဖြစ်တဲ့ Neymar နဲ့ Kylian Mbappe ပထမဆုံးမွေးနေ့ဆုတောင်းစကား Twitter မှာပြောခဲ့တာပဲဖြစ်ပါတယ်။ " Happy Birthday Legend ! " ဆိုပြီး Neymar ကရေးခဲ့ပြီး သူနဲ့ Buffon ဖက်ထားတဲ့ပုံကိုတင်ခဲ့ပါတယ်။ 'Happy birthday, Grandpa Gigi,' ဆိုပြီးနောက်ကာ Kylian Mbappe က Twitter မှာ ရေးပြီး သူတို့နှစ်ယောက်ပုံကိုတင်ခဲ့ပါတယ်။ Juventus ရှေ့တန်းကစားသမား Paulo Dybala ကလဲသူရဲ့ တစ်ချိန်က အသင်းဖော်ကြီးအတွက် ' Champion and friend! Happy birthday ' ဆိုပြီးနှစ်ယောက်ပုံတင်ခဲ့ပါတယ်။ 

Buffon ဟာဆိုရင် Juventus မှာ ပွဲပေါင်း ၅၀၉ပွဲကစားခဲ့ပါတယ်။ တချို့သော Buffon ရဲ့ဂိုးဖမ်းသမားပြိုင်ဘက်ဖြစ်တဲ့ Iker Casillas ဟာလဲ 'Happy birthday brother,' ဆိုပြီးတင်ခဲ့ပါတယ်။ Casillas ဟာဆိုရင် Real Madrid အသင်းအတွက် ပွဲပေါင်း ၅၁၀ကစားပေးခဲ့ကာ ခုချိန်မှာတော့ Porto မှာကစားနေပါတယ်။ ခုလက်ရှိ Barcelona မှာကစားနေတဲ့Marc-Andre ter Stegen ကလဲ သူတို့နှစ်ယောက်ဖက်နေတဲ့ ပုံကိုတင်ခဲ့ပါတယ်။

Source : Daily Mail Sport 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။