ပရိသတ်အချစ်တော် ရုပ်ရှင်မင်းသား နေတိုးကတော့ ဗီယက်နမ်မင်းသမီးလေးနဲ့ တကယ်ကို လိုက်ဖက်ညီလွန်းပါတယ်

အောက်ဖော်ပြပါ ပုံထဲမှာတော့ နေတိုးနဲ့ အကယ်ဒမီပေးပွဲနေ့က အနီရောင် မြန်မာဆန်ဆန်ဝတ်စုံလေး နဲ့ ပွဲတက်ခဲ့တဲ့ ဗီယက်နမ်မင်းသမီးလေး ရဲ့ ဇာတ်ဝင်ခန်းတချို့ ရိုက်ကူးနေတာပါ .

အကယ်ဒမီပွဲကို မိခင်ဖြစ်သူနဲ့ အတူ ပွဲတက်ခဲ့ပြီးနောက်နေ့တွေမှာတောင် နေတိုးကတော့ ပုံမှန်အတိုင်း ရိုက်ကူးရေးတွေနဲ့လည်ပတ်နေရတဲ့ပုံပါပဲ။

နေတိုး ဟာ ဗီယက်နမ်မင်းသမီးလေး အပါအဝင် ထွန်းထွန်း ၊ခင်ဝင့်ဝါ တို့နဲ့အတူ တိမ်တိုက်တံတား ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လအစထဲက ရိုက်ကူးခဲ့ပြီး မကြာခင်မှာ ဒီဇာတ်ကားက ပြီးစီးတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ထူးခြားတာက ကလောမှာရိုက်ကူးနေတဲ့ ဒီဇာတ်ကားမှာ ဗီယက်နမ်မင်းသမီးချောလေူနဲ့အတူ နိုင်ငံခြားသားတွေပါ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်တယ်လို့ သိရပါတယ်

ဒီဇာတ်ကားလေးအတွက် သရုပ်ဆောင်တွေအပါဝင် ရိုက်ကူးရေးအဖွဲ့သားအားလုံး နေ့မနားညမနား ဆက်တိုက်ကြိုးစားရိုက်ကူးနေပြီး နည်းပညာပိုင်းဆိုင်ရာမှာလည်း မခိုမကပ်ဘဲ သဘာဝကျအောင် ပုံဖော်ထားတဲ့အကြောင်း နေတိုးက လူမှုကွန်ရက်မှာ ပြောခဲ့ပါတယ်။

“မကြာခင်မှာ ရိုက်ကူးမှုပြီးဆုံးတော့မည့် (တိမ်တိုက်တံတား) ရုပ်ရှင်ဖြစ်ပါတယ် နည်းပညာရဲ့ တိုးတက်ပြောင်းလဲမှုတွေကို မခိုမကပ်ပဲ ရိုက်ကူးနိုင်ခဲ့ကြပြီး သဘာဝတရားအပေါ် အခြေခံတဲ့ ဘဝတွေကို မြင်တွေ့နိုင်ဖို့ ရည်ရွယ်ချက်ပေါင်းများစွာ နဲ့ အဖက်ဖက်မှ ပြည့်စုံအောင် စွန့်စားထားကြသော ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဆက်လက်ကြိုးစားပါဦးမည်””

နေတိုးက ဒီလောက် အမွှန်းတွေတင်ထားပုံထောက်ရင် အဆိုပါ တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားလေး ရုံတင်ဖြစ်ရင် နေတိုးကိုချစ်တဲ့ပရိသတ်များ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦးနော်။

ယခုနှစ်မှာ အကယ်ဒမီ နဲ့ မသက်ဆိုင်ပေမယ့် လာမယ့်နှစ်အတွက်တော့ နေတိုးအတွက် အကယ်ဒမီဆုနဲ့ နီးမယ့် ရုပ်ရှင်ဇာတ်ကားတွေပါလာဦးမှာ မြင်ယောင်မိပါသေးတယ်။  

သတင်းအရင်းမြစ် Nay Toe page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။