လူမင်းပြောတဲ့ သူ့ဇနီးအတွက် ချစ်စကား

" သူများတွေက သူတို့အိမ်ထောင်ဖက်တွေကိုကျေးဇူးတင်ကြောင်းပြောကြတယ်

ယောကျာင်္း ကျတော့မိန်းမကိုထည့်လည်းမပြောဘူး" တဲ့

ဟုတ်တာပေါ့နော်

လူပုံအလည်မှာ သတိတရနဲ့ကျေးဇူးတင်ကြောင်းပြောတာကို ပီတိကလေးနဲ့ပြုံးပြီးခံစားချင်ရှာမှာပေါ့

မေ့တာမဟုတ်ပါဘူး မိန်းမရယ်

ယောကျာင်္း အံ့သြဝမ်းသာသွားတဲ့အချိန်မှာ

မိန်းမနဖူးကို ဖွဖွလေးနမ်းလိုက်တဲ့ အနမ်းတချက်

ဟာ စကားလုံးတွေအားလုံးထက် ပြီးပြည့်စုံတဲ့အနမ်းပန်းလေးပါ ကွာ ။

စိတ်ဖိစီးမှုပေါင်းများစွာနဲ့ ပွဲကြီးတခုလုံးပြီးမှ 'ဟင်း' ချနိုင်တဲ့ ယောကျာင်္းအဖြစ်ကိုမိန်းမအသိပါ ။

အစ ကထဲကမှ မင်းသားကိုယောကျာင်္းတော်ထားရတဲ့အထဲ ဥက္ကဌ ပါထပ်လုပ်ပြန်တော့

အေးအေးချမ်းချမ်းအတူူတူ နေရတဲ့အချိန်ထက်

အပူတွေကို ထပ်တူမျှဝေ ရတဲ့အချိန်တွေများလာတာ ၊ အပူရုပ်ကိုဟန်လုပ် အရှုပ်ထုပ်တွေကိုကန်ထုတ် ပြီး ဟန်မပျက် အိမ်ပြန် ပြန်လာပေမယ့်

လည်း ဖေ့စဘုတ်ကြီးကျေးဇူးကြောင့် အပူတွေကကိုယ့်အရင် အိမ်ထဲကိုကြိုလို့ရောက်နှင့်နေတာတွေ၊ စာနာမှုကင်းမဲ့တဲ့ အရေးအသားတွေကြောင့်

အကြိမ်ကြိမ် ကျခဲ့ရတဲ့ မိန်းမရဲ့မျက်ရည်တွေ ၊နောက်ကျောကထိုးတဲ့ဓါးချက်တွေကြောင့် အတူတူမိုးစင်စင်လင်းခဲ့ရတဲ့ ညတွေ . . .

လူတွေ လူတွေ အကြောင်းကိုသင်ကြားရင်း. . .

ဒါတွေ. . ဒါတွေ . . ကို အတူတူ ရင်ဆိုင်ဖြတ်သန်းခဲ့ကြတဲ့ သူတွေကြားမှာ ကျေးဇူး ဆိုတာ အထူးတလည် ပြောနေစရာ မဟုတ်ဘူးဆိုတာ မိန်းမသိပါတယ်

ဒါပေမယ့်

ကတိတစ်ခုတော့ မိန်းမကိုပေးနိုင်သွားပြီ

နှစ်တိုင်းမိန်းမပြောနေကျ စကားတစ်ခွန်း

နောက်နှစ် မပြောရစေဘူး

အဲဒါဘာလဲ သိလား ?

" အကယ်ဒမီပွဲ နီးလာရင် မိန်းမကြောက်တယ်

ယောကျာင်္းရယ် . ." ဆိုတာလေ. . .

ချစ်လေး အတွက်

ကိုကိုလို့ လူမင်းမှ သူ့ page မှာရေးသားထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။