လက်ရှိမှာ Myanmar Idol Season 2 ပြိုင်ပွဲက ရုပ်မြင်သံကြားကလွှင့်တဲ့ အဆိုပြိုင်ပွဲတွေထက် တစ်နိုင်ငံလုံးရဲ့ စိတ်ဝင်တစားစောင့်ကြည့်အားပေးမှုအများဆုံး ပြိုင်ပွဲတစ်ခုဖြစ်လို့နေပါတယ်။

ယခုလာမယ့်အပတ်မှာ Top 2 နှစ်ယောက်အဖြစ် သားငယ် နဲ့ ဘီလီလမင်းအေးတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး Winner ဖြစ်မယ့်သူဟာ အိမ်ထောင်သည်မဖြစ်ရဘူးဆိုတဲ့ ကောလဟလတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံနေပါတယ်။

အဆိုပါကောလဟလတွေနဲ့ ပတ်သက်ပြီး Myanmar Idol ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ 

ဒေါ်နန်းမောက်လောဝ်ဆိုင် က အကယ်ဒမီဆုရှင်များ ဂုဏ်ပြုပွဲမှာတွေ့ဆုံစဉ် ပြောခဲ့ပါတယ်။

“ကျွန်မတို့မှာ အဲ့လိုသတ်မှတ်ချက်မျိုးမရှိပါဘူး ၊ အဲဒါ့ကြောင့်စပြီး ရွေးချယ်ကတည်းက အသက်အရွယ်ကန့်သတ်ချက်နဲ့ပဲ ရွေးချယ်တာပါ။ 

အိမ်ထောင်သည်ဖြစ်ပေမယ့်လည်း သူ့အရည်အချင်းပြည့်မီခဲ့ပြီး ပရိသတ်ရဲ့ Voting အရလည်း အားသာခဲ့မယ်ဆိုရင် Winner ဖြစ်ခွင့်ရှိမှာပါ။ 

နောက်တစ်ခုက Voting System ကို အငြင်းပွားမယ့် အစား မိမိအားပေးတဲ့ပြိုင်ပွဲဝင်ကို အချိန်ရှိတုန်း Vote ပေးကြဖို့ ပြောပရစေ။” လို့ သူမက ဖြေရှင်းခဲ့ပါတယ်။

နောက်ဆုံးယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲဝင် သားငယ် နဲ့ ဘီလီ ကတော့ သူတို့နေထိုင်ရာ နေရပ်မြို့အသီးသီးကို သွားရောက်ပြီး မတ်လ(၁၉)ရက်နေ့က သီဆိုဖျော်ဖြေခဲ့ပါတယ်။  

သတင်းအရင်းမြစ် Bahuthuta

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။