ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတော့ အမေရိကန်ရဲတပ်ဖွဲ့တွေဟာ တက္ကဆက်ပြည်နယ် ဟူစတန်မြို့က နေအိမ်တွေကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

သူတို့ဝင်ရောက်စစ်ဆေးရတဲ့ အကြောင်းရင်းကတော့ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမရှိကို စုံစမ်းစစ်ဆေးရန်အတွက်ပဲဖြစ်ပါတယ်။ 

ထိုသို့စစ်ဆေးတဲ့အခါမှာတော့ သံသယရှိသူတွေနဲ့ ရဲတပ်ဖွ့ဲဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

၎င်းပစ်ခတ်မှုကြောင့် အမေရိကန် ရဲတပ်ဖွဲ့ဝင် ၅ ဦးသေနတ်ထိမှန်ခဲ့ရသလို ၂ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ 

ါ့အပြင် သံယရှိသူ နှစ်ဦးဟာဆိုရင်လည်း ၎င်းနေအိမ်ထဲမှာပင် ရဲတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

source _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။