ပါလက်စတိုင်းဝန်ကြီးချုပ် ရာမီဟမ်ဒါလာ ကတော့လက်ရှိအချိန်မှာ ရာထူးကနေနှုတ်ထွက်တော့မယ်လို့သိရပါတယ်။

ဒါကြောင့်သူဟာ မနေ့က ဇန်နဝါရီလ ၂၉ ရက်နေ့မှာ သူ့ရဲ့နှုတ်ထွက်စာကို သမ္မတ မာမွတ်အဘတ်စ် ထံတွင်သွင်းခဲ့ပါတယ်။ 

သူဟာ နောက်ထပ်ဝန်ကြီးချုပ်အသစ် မခန့်အပ်ရသေးတဲ့အချိန်ထိ သူ့ရဲ့တာဝန်တွေကို ဆက်လက်ပြုလုပ်သွားပေးမယ်လို့သိရပါတယ်။ 

ပါလက်စတိုင်းအစိုးရအနေနဲ့လည်း လက်ရှိအချိန်မှာ ဟမ်ဒါလာကို ရာထူးကဖယ်ရှားပြီး PLO အဖွဲ့တွေနဲ့ သီးခြား ပုဂ္ဂိုလ်တွေပါဝင်တဲ့ အစိုးရတရပ်ဖွဲ့စည်းဖို့အတွက် ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့သိရပါတယ်။

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။