ထိုင်းကလပ် မြောင်တောင်ယူနိုက်တက်အသင်းသို့ပြောင်းရွှေ့လာသည့် မြန်မာတိုက်စစ်မှူးအောင်သူသည် ဖနွမ်းပင်ခရောင်းအသင်းနှင့်ပွဲတွင် ဂိုးစတင်သွင်းယူနိုင်သဖြင့် မြန်မာပရိတ်သတ်များနှင့် မြောင်တောင်ပရိတ်သတ်များကို စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မြောင်တောင်ယူနိုက်တက်သည် ရာသီအကြိုခြေစမ်းပွဲအဖြစ် ဇန်နဝါရီ ၂၆ ရက်နေ့က ဖနွမ်းပင်ခရောင်းအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထိုပွဲမှာ အောင်သူဟာ မြောင်တောင်ယူနိုက်တက်အတွက် ပထမဦးဆုံးဂိုးသွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

မြောင်တောင်ယူနိုက်တက်အသင်းသည် ယခုနှစ် ထိုင်းဘောလုံးရာသီအတွက် အထူးပြင်ဆင်နေပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက အမှတ်ပေးဇယား အဆင့် (၄) သာရရှိခဲ့ပြီး ရာသီကြိုအထူးပြင်ဆင်မှုများအနေနဲ့မာရီယိုဂူဂျော့ဗ့်စကီး ၊ ဗီယက်နမ်ဂိုးသမား ဒန်ဗန်လန်း ၊ အီရတ်မှ ဆပ်ဟာနန်ဘာနှင့် မြန်မာမှ အောင်သူတို့ကို ခေါ်ယူအားဖြည့်ထားခဲ့တာပဲ ဖြစ်ပါတယ်။  

အောင်သူဟာ မိခင်ရတနာပုံအသင်းမှ ပြီးခဲ့တဲ့နှစ်က ထိုင်းလိဂ်ကလပ် Polive Tero တွင် အဌားသွားရောက်ကစားခဲ့ပြီး ယခုနှစ်တွင် မြောင်တောင်ယူနိုက်တက်သို့အဌားဖြင့် ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

Source - Muangthong United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။