ပြောင်းလဲမှုတွေကို စတင်ပြုလုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကတော့ အာရှဒေသတွေတင်သာမက ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာပါ ထင်ရှားလာခဲ့ပါပြီ။ နိုင်ငံတကာအဆင့်မီပြိုင်ပွဲများစွာမှာလည်း တိုးတက်လာတဲ့အပြင် ပြည်တွင်းလူနေမှုအဆင့်အတန်းနဲ့ လူသုံးပစ္စည်းများစွာကိုလည်း ကမ္ဘာ့အဆင့်မီပြုလုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ တိုးတက်လာမှုတွေထဲမှာ မန္တလေးမြို့ရဲ့ အများပြည်သူသုံး သန့်စင်ခန်းတွေကတော့ ASEAN Public Toilet Awards 2019-2021 ဆုရရှိခဲ့ပြီပဲဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ၊ မန္တလေးမြို့ပေါ် လမ်း ၇၀ မှာရှိတဲ့အများသုံးသန့်စင်ခန်းဟာ Asean Public Toiled Awards ဆု ကို ရရှိခဲ့တယ်လို့ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ကြေညာပါတယ်။ အဲဒီသန့်စင်ခန်းကို ကျုံးဘေးမှာ လမ်းလျောက်သူတွေ နဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေအတွက်၂၀၁၈ ခုနှစ် သြဂုတ်လကပဲ အသုံးပြုနိုင်ဖို့ စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

လာမည့်ဖေဖော်ဝါရီလအတွင်းမှာလည်း ခုလက်ရှိတည်ဆောက်နေတဲ့ ၁၄လမ်းထိပ် အများသုံးသန့်စင်ခန်းကို ထပ်မာန်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ၂ဝ၁၉ ခုနှစ်အတွင်းမှာမန္တလေးမြို့တော်စည်ပင်အနေနဲ့ နိုင်ငံတကာအဆင့်မီအဆင့်မြင့် အများသုံးသန့်စင်ခန်းတွေကို ၇၄လမ်း-၁၂လမ်းထိပ်၊ ၂၃လမ်း-လမ်း၈၀ထိပ်၊ ကမ်းနားလမ်း မြို့တော်ဥယျာဉ်နေရာ၊ မဟာအောင်မြေကျောက်ဝိုင်းတွေမှာ ထပ်မံတည်ဆောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photos - မန်းစည်ပင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။