အာစီယံယူ၂၂ချန်ပီယံရှစ်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်မယ့်မြန်မာယူ၂၂အသင်းဟာခုမှာပဏာမလူစာရင်းထုတ်ပြန်ထားပြီးလေ့ကျင့်မှုတွေလုပ်ကိုင်တော့မှာဖြစ်ပါတယ်။ဗီယက်နမ်ဖိတ်ခေါ်ဖလားပြိုင်ပွဲဝင်ကစားသမားတွေနဲ့မြန်မာနေရှင်နယ်လိဒ်မှာခြေစွမ်းပြနေတဲ့လူငယ်ကစားသမားတွေပါရွေးချယ်ထားတာဖြစ်ပါတယ်။

မြန်မာယူ၂၂အသင်းဟာဒီနှစ်နိုင်ငံတစ်ကာပြိုင်ပွဲတွေမှာအောင်မြင်မှုရရှိစေရန်နိုင်ငံခြားသားနည်းပြတစ်ဦးကိုလည်းမကြာခင်ကခန့်အပ်ထားတာဖြစ်ပါတယ်။ခုမှာတော့အာစီယံယူ၂၂ပြိုင်ပွဲမှာအောင်မြင်ဖို့ကြိုးစားနေတဲ့မြန်မာအသင်းကတော့လေ့ကျင့်ခန်းအစီစဉ်တွေလုပ်ပြီးပြိုင်ပွဲအတွက်ပြင်ဆင်နေတာဖြစ်ပါတယ်။မတ်လမှာလည်းအာရှယူ၂၃ခြေစစ်ပွဲတွေကစားဖို့ရှိနေတဲ့မြန်မာယူ၂၂အသင်းကတော့စင်ကာပူ ပရီးမီးယားလိဂ် ချန်ပီယံ Albirex Niigata FC အသင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။မြန်မာယူ၂၂အသင်းနဲ့တူတူယူ၁၉အသင်းလည်းခြေစမ်းမှာဖြစ်ပါတယ်။

Albirex Niigata FC အသင်းသည် ဂျပန်ကလပ်အသင်း တစ်သင်းဖြစ်ပြီး စင်ကာပူ ပရီးမီးယားလိဂ် ချန်ပီယံ ၃ ကြိမ်ဆက် ရရှိထားသည့် အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်။င်ကာပူ နိုင်ငံသား ကစားသမား (၄)ဦးသာ ပါရှိပြီး ကျန်ကစားသမား အားလုံးမှာ ဂျပန်ကစားသမား များသာဖြစ်ကြပါတယ်။Niigata FC အသင်း အနေဖြင့် စင်ကာပူလိဂ် ချန်ပီယံဆု အား ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ သုံးကြိမ်ဆက် ရရှိထားပြီး လိဂ်ဖလား ၄ ကြိမ် နှင့် ရှုံးထွက်ဖလား ၄ ကြိမ်ဆက် ရရှိထားသည်။ Albirex Niigata FC အသင်း အနေဖြင့် ရန်ကုန်မြို့သို့ မတ်လ ၆ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ပြီး မတ်လ ၇ ရက်နေ့တွင် ပဏာမ မြန်မာ ယူ၁၉ အသင်းနှင့်လည်းကောင်း၊ မတ်လ ၉ ရက်နေ့တွင် ပဏာမ မြန်မာ ယူ၂၂ အသင်းနှင့်လည်းကောင်း ခြေစမ်းပွဲများ ကစားသွားမည် ဖြစ်သည်

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။