မကြာသေးမီကဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတံတားပေါ်မှာခုန်ချသေဆုံးသူ သားအဖနှစ်ဦးရဲ့ ဖြစ်ရပ်ကိုတော့ အားလုံးလည်း သိရှိပြီးဖြစ်မယ်ထင်ပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ ဇန်နဝါရီလ ၂၇ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီး ကင်ဆာဝေဒနာခံစားနေရတဲ့ သမီးဖြစ်သူနှင့်အတူ ခုန်ချသေဆုံးခဲ့တာဖြစ်ကြောင်း ကနဦးသတင်းတွေအရသိရပါတယ်။  

မျက်လုံးကင်ဆာရောဂါကို ခံစားနေရတဲ့ ၄ နှစ်အရွယ်သမီးဖြစ်သူ မဖြူစင်သွယ်နှင့်အတူ ဖခင်ဖြစ်သူ ဦးစိုးမင်းသိမ်းတို့ကတော့ စစ်ကိုင်းတံတားပေါ်က ရုတ်တရက်ခုန်ချသေဆုံးခဲ့တာဖြစ်ပြီး အလောင်းကို တာဝန်ရှိသူများလိုက်လံရှာဖွေမှုတွေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ သားအဖနှစ်ယောက်ရဲ့ ရုပ်အလောင်းထဲမှ ဖခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဇန်နဝါရီလ ၃၀ရက်နေ့ မနက် ၉နာရီ ခွဲအချိန်ခန့်က တွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။  

" သမီးဖြစ်သူရဲ့ ရုပ်အလောင်းကိုတော့ ဆက်ရှာနေတယ်။ ဦးစိုးမင်းသိမ်း အိမ်ကိုလည်း အလောင်းတွေ့ကြောင်း ဆက်သွယ်ပြီးပြီ။ နာရေးအတွက် လိုအပ်တဲ့ ငွေကြေးတွေလည်း ထောက်ပံ့ထားပါတယ်။ " ဟု စစ်ကိုင်းအရေးပေါ် ကယ်ဆယ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။ သနားစရာသားအဖနှစ်ယောက်ရဲ့ ဖြစ်စဉ်လေးကတော့ ပရိသတ်တွေကို မျက်ရည်ဆို့စေခဲ့ပြီး သမီးလေးရဲ့ရုပ်အလောင်းကိုမကြာမီတွေ့ရှိနိုင်ဖို့ ဆုတောင်းရင်း ဒီကနေ့ တွေ့ရှိခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ အလောင်းပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photos - စစ်ကိုင်းအ ရေးပေါ် ကယ်ဆယ်ရေးအဖွဲ့

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။