ချယ်လ်ဆီးအသင်းသည် အသက် ၁၈ နှစ်မပြည့်သေးသည့် ကစားသမားများကိုခေါ်ယူမှုဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းသည် အသက် ၁၈ နှစ်အောက် ဆယ်ကျော်သက်ကစားသမားများကို ခေါ်ယူထားမှုအပြင် အခြားစည်းမျဉ်း စည်းကမ်းများကိုလည်း ချိုးဖောက်ထားကြောင်း သတင်းများပေါ်ထွက်ခဲ့ပြီးနောက် ဖီဖာက စုံစမ်းစစ်ဆေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖီဖာရဲ့စုံစမ်းစစစ်ဆေးမှုတွေအရ ချယ်လ်ဆီးအသင်းသည် အသက် ၁၈ နှစ်အောက် ကစားသမား ၂၅ ဦးကိုခေါ်ယူထားတဲ့ သက်သေများစစ်ဆေးတွေ့ရှိထားပြီဖြစ်သကဲ့သို့ အသင်းရဲ့အကယ်ဒမီအတွက် အသက် ၁၈ နှစ်အောက် လူငယ်ကစားသမားဦးရေ ၁၀၀ ကျော်အထိခေါ်ယူထားတဲ့ ပြဿနာကို ဆက်လက်ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ 

ဖီဖာက အသက် ၁၈ နှစ်အောက် လူငယ်ကစားသမားများကို ခေါ်ယူမှုမပြုလုပ်ရန် စည်းကမ်းသတ်မှတ်ထားပြီး ကစားသမားများရဲ့မိဘများမှ သဘောတူညီချက်ရရှိခဲ့လျှင်လည်း ဥရောပတိုက်မှမဟုတ်သည့် လူငယ်ကစားသမားများကို ခေါ်ယူခွင့်မရှိကြောင်း သိရပါတယ်။ ဥရောပအသင်းများအနေဖြင့် ဥရောပတိုက်အတွင်းမှ ဆယ်ကျော်သက် လူငယ်ကစားသမားများကို ခေါ်ယူလိုလျှင် အသက် ၁၆ နှစ်ထက် မငယ်ရဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်များကို ထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။ 

ဖီဖာက ချယ်လ်ဆီးအသင်းရဲ့လူငယ်ကစားသမားများခေါ်ယူမှုနှင့်ပက်သက်ပြီး စုံစမ်းစစ်ဆေးနေသကဲ့သို့ပြစ်မှုထင်ရှားခဲ့ပါက ချယ်လ်ဆီးအသင်းဟာ ကစားသမားများခေါ်ယူခွင့် နှစ်နှစ်အထိ ပိတ်ပင်ခံရမှာပဲ ဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်ကို ပြီးခဲ့တဲ့နှစ်အနည်းငယ်က စပိန်ကလပ်များဖြစ်ကြသည့် ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ်အသင်းနှင့် အက်သဘက်တီကိုအသင်းတို့သည် ဖီဖာရဲ့စည်းကမ်းကိုချိုးဖောက်ကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့သည့်အတွက် ကစားသမားပြစ်ဒဏ်များနှင့် ရင်ဆိုင်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။

Source - BBC Sports 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။