ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာ ဖော်ပြပေးျင်တာကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ ချောက်ကြီးတွေထဲမှာမှ ကမ္ဘာ့အနက်ဆုံးချောက်ကြီးတစ်ခု ဖြစ်တဲ့ မယာရီယာနာဆိုတဲ့ ချောက်ကြီးထဲက ထူးခြားပြီး ဆန်းပြားလှတဲ့ ပင်လယ်သတ္တဝါတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ မာရီယာနာချောက်ဆိုတာဟာ ကမ္ဘာ့အနက်ဆုံးချောက်ကြီးတစ်ခု ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ရှိတာပဲ ဖြစ်ပါတယ်။ 

သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ဒီချောက်ကြီးမှာ တစ်ခါမှ မြင်တွေ့ဖူးခြင်းမရှိသေးတဲ့ အကောင်တွေအပြင် ၊ ပုံမှန်မြင်တွေ့နေကြရေနေသတ္တဝါတွေနဲ့ မျိုးစိတ်တူပေမယ့်လည်း ခန္ဒာကိုယ်အရွယ်အစား အဆမတန် ပိုပြီး ကြီးမားတဲ့ အကောင်ကြီးတွေလည်း ရှင်သန် နေထိုင် ကျက်စားကြတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ပရိသတ်ကြီးဗဟုသုတရစေရန် အတွက် ဒီ သတ္တဝါကြီးတွေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ 

အပိုထပ်ဆောင်းအနေနဲ့ ဖော်ပြပေးချင်တာကတော့ မာရီယာနာ ချောက်ဟာ အလျှား ၁၅၈၀မိုင် အကျယ် ၄၃မိုင် ရှိပြီး ချောက်ရဲ့အနက်ကတော့ အများဆုံး ၃၁၆၇၀ပေ အထိနက်ကာ ၎င်းနေရာမှာတော့ ပေ၁၃၀လောက်အကျယ်အထိ ကျဉ်းသွားမှာဖြစ်ပါတယ်။ ကောင်းကင်ယံကနေ ကြည့်လိုက်မယ်ဆိုရင် ချောက်ကြီးရဲ့ ပုံစံဟာ လခြမ်းပုံစံမျိုး ဖြစ်နေတာကို တွေ့ရလိမ့်မှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် အခုလို ထူးဆန်းတာတွေ ဖော်ပြပေးအုန်းမှာ မို့လို့ စောင့်မျှော်ဖတ်ရှုပေးပါအုန်းနော်။ 

Source : Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။