Shake It Up ဆိုတဲ့ ဇာတ်လမ်းနဲ့ နာမည်ရလာခဲ့တဲ့ မင်းသမီး Bella Thorne ဟာ လက်ရှိမှာ အသက်(၂၁ ) နှစ် ရှိပြီ ဖြစ်ပြီး ဟောလီဝုဒ်မင်းသမီးတစ်ယောက်လည်း ဖြစ်သလို ပေါ့ခ်နဲ့ ပေါ့ခ်ရောခ့် အမျိုးအစား သီချင်းတွေကို သီဆိုတဲ့ အဆိုတော်မလေးတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာတော့ Midnight Sun (2018) နဲ့ Assassination Nation (2018) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကား ထွက်ရှိခဲ့ပြီး ဒီ၂၀၁၉ခုနှစ်ရဲ့ နှစ်စပိုင်းမှာတော့ Gay Time ရဲ့ မျက်နာဖုံးပိုင်ရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

မင်းသမီး Bella Thorne ဟာ အမျိုးသားကော အမျိုးသမီးကို ပါ ချစ်နှစ်သက်တတ်တဲ့ Bisexual တစ်ယောက်ဖြစ်ကြောင်း ဝန်ခံခဲ့ဖူးသလို သူမတွဲခုတ်ခဲ့တဲ့ ရည်းစားတွေ တော်တော်များများကတော့ မင်းသားနဲ့ အဆိုတော်ကောင်လေးတွေ ဖြစ်ပြီး လိင်တူချစ်သူတစ်ယောက်အနေနဲ့ သူမပထမဆုံးတွဲခုတ်နေတဲ့ ချစ်သူမိန်းကလေးကတော့ အဆိုတော်မလေး Tana Mongeau ဖြစ်ပါတယ်။ လက်ရှိမှာ ချစ်သူသက်တမ်း(၂) နှစ် ဝန်းကျင် ရှိပြီဖြစ်တဲ့ သူတို့ အချစ်ရေးလေးကတော့ အေးချမ်းနေသလို Gay Time ရဲ့ မျက်နာဖုံးပိုင်ရှင်တစ်ယောက်အဖြစ် ပါဝင်ပေးခဲ့ပြီး အင်တာဗျူးလေး ဖြေဖြစ်ခဲ့ချိန်မှာတော့ သူမရဲ့ လိင်တူချစ်သူတစ်ယောက်အနေနဲ့ သူမရဲ့ ခံစားချက်တွေကို ဖွင့်ဟလာပါတယ်။

" ဒီကိစ္စနဲ့ ပတ်သက်လို့ အဆိုးမြင်ကြသူတွေ သိပ်ကို များပြားပေမဲ့လည်း ရင်ထဲမှာ ခံစားရတာအတော်လေး ဆိုးပါတယ်။ လူတိုင်းက ကိုယ့်ရဲ့ အရှိကို အရှိတိုင်းချပြခွင့်ရှိပါတယ်။ မင်းက လိင်တူကြိုက်နေလို့ မင်းကို အလုပ်မခန့်ဘူးဆိုတာမျိုးတွေ လက်မခံပါဘူး။ လိင်တူချစ်တတ်သူတွေက တခြားလူတွေနဲ့ မတူပဲ ထူးခြားတယ်လို့ ထင်ရပါတယ်။ " လို့ Bella Thorne က ဖွင့်ဟ ဆိုလိုက်ပြီး သူမအနေနဲ့ Gay Time ရဲ့ မျက်နာဖုံးပိုင်ရှင် မော်ဒယ်လ်ပုံတွေနဲ့ အတူ ဖော်ပြလိုက်ရပါတယ်။

source: http://www.justjaredjr.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။