အားလုံးချစ်တဲ့ သရုပ်ဆောင်လေး ခင်ဝင့်ဝါမှ မိစန္ဒီထုတ်လုပ်တဲ့ Fashionတံဆိပ်ဖြစ်တဲ့ My Boo အကျီင်္လေးကို ဝတ်ဆင်ပြီး သူမရဲ့ Facebook အကောင့်မှာ တင်ခဲ့ပါတယ်။ 

တင်တဲ့နေရာမှာ " Thanks chit sone Ma MiSandi၊ အကျီင်္လေးအရမ်းဝတ်လို့ကောင်း၊ အရမ်းကြိုက်ပါတယ်လို့" ရေးသားထားခဲ့ပါတယ်။ တင်ထားတဲ့ ဓာတ်ပုံနှစ်ပုံထဲက တစ်ပုံမှာ မိစန္ဒီပေးပို့ထားတဲ့ Postcard ဖြစ်ပြီး သူမရဲ့ အကျီင်္စတင်ရောင်းချမယ့် ပွဲနေ့မှာ ဧည့်သည်အဖြစ်လာရောက်ပေးဖို့ ဖိတ်ကြားခဲ့တာကို တွေ့ရမှာပါ။ 

ခင်ဝင့်ဝါမှ ပြီးခဲ့တဲ့ရက်က ကျင်းပတဲ့ နီနီခင်ဇော်ရဲ့ Super Red နှုတ်ခမ်းနီ Promotionပွဲကိုလဲ တက်ရောက်ခဲ့ပြီး နှုတ်ခမ်းနီကို ဆိုးထားပြီး သူမရဲ့ Facebookအကောင့်မှာ တင်ပြီး ကြေညာပေးခဲ့ပါသေးတယ်။

Source : Khin Wint Wah Facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။