နိုင်ငံအသီးသီးမှ လူမျိုးပေါင်းစုံရဲ့ မျက်စိဒေါက်ထောင့်ကြည့်ခြင်းခံနေရတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအထင်ကရလေးတွေကတော့များစွာရှိနေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ မြန်မာ့ရိုးရာဓလေ့ထုံးတမ်းတွေ၊ ပြည်တွင်း နိုင်ငံရေးအခြေနေတွေနဲ့အတူ ဗုဒ္ဓဘာသာရဲ့ ထင်ရှားကျော်ကြားမှုတွေကို ပြည်ပနိုင်ငံခြားသားများစွာက နေ့စဉ်မပျက်ကြည့်ရှု့နေကြတာတွေ့ရပါတယ်။  

အဆိုပါ ပြည်ပနိုင်ငံခြားသားများရဲ့ စိတ်ဝင်စားမှုတွေထဲမှာ မြန်မာ့ရိုးရာလက်မှုပညာတွေလည်း ပါဝင်လျှက်ရှိတာတွေ့ရပါယ်။ ပြည်တွင်းကို ပြည်ပကမ္ဘာလှည့်ခရီးသည်များစွာလာရောက်လေ့လာလျှက်ရှိပြီး မြန်မာ့ရိုးရာ လက်မှုပညာများကို ဝယ်ယူချင်း၊ လေ့လာခြင်းနှင့် သင်ယူခြင်းတို့ကို ပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။  

အဆိုပါမြန်မာ့ရိုးရာလက်မှုပညာတွေထဲက မွန်ပြည်နယ်ဘီလူးကျွန်းရှိ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွေလည်းပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ မကြာသေးမီက ကမ္ဘာလှည့်နိုင်ငံခြားသား စက်ဘီစီးနင်းသူများစွာလာရောက်ခဲ့ပြီး ရိုးရာလက်မှုပညာရပ်တွေကို ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခြင်းနှင့် ဝယ်ယူအားပေးမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာ့ယဉ်ကျေးမှုတွေကို စိတ်ဝင်တစားလာရောက်လေ့လာကြတဲ့ အဆိုပါ နိုင်ငံခြားသားများရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Kyaw Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။