ပီအက်စ်ဂျီအသင်းသည် ကွင်းလယ်ပိုင်း အင်အားဖြည့်တင်းသည့်အနေဖြင့် ဇင်းနစ်အသင်းကွင်းလယ်ကစားသမား ပါရီဒက်စ်ကို ပြောင်းရွှေ့ကြေးယူရိုပေါင် ၄၅ သန်းဖြင့် ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ပါရီဒက်စ်သည် ချယ်လ်ဆီးအသင်းသို့ပြောင်းရွှေ့ကစားရန် သတင်းများထွက်ပေါ်ခဲ့သော်လည်း ပီအက်စ်ဂျီအသင်းက လက်ဦးမှုရယူခဲ့တာပဲ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်ရှိ ပါရီဒက်စ်က ပီအက်စ်ဂျီအသင်းနှင့် ငါးနှစ်သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။ 

ပီအက်စ်ဂျီအသင်းတွင်တောင်ပံကစားသမားနှင့် တိုက်စစ်ကစားသမားများရှိနေသော်လည်း ကွင်းလယ်ပိုင်းအားနည်းနေသည့်အတွက် နည်းပြတူချယ်လ်က ကွင်းလယ်ကစားသမားဖြည့်တင်းပေးရန် အသင်းတာဝန်ရှိသူများကို တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းနည်းပြဆာရီကလည်း အသင်းကွင်းလယ်ပိုင်းအင်အားဖြည့်တင်းပေးရန် အသင်းတာဝန်ရှိသူများထံတောင်းဆိုခဲ့သော်လည်း ပါရီဒက်စ်ရဲ့မြင့်မားသော ပြောင်းရွှေ့ကြေးကြောင့် လက်လျော့ခဲ့တာပဲ ဖြစ်ပါတယ်။  

ပါရီဒက်စ်က " အခုလိုခေါ်ယူမှုဟာ ကျွန်တော့်အပေါ်မှာ ယုံကြည်မှုအပြည့်အဝပေးခဲ့တဲ့ ပီအက်စ်ဂျီအသင်းဥက္ကဌနဲ့နည်းပြကို ကျေးဇူးတင်ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့အနာဂတ်ရည်မှန်းချက်တွေ ၊ အသင်းသားတွေ ၊ နည်းပြအဖွဲ့ဝင်တွေရဲ့ရည်မှန်းချက်တွေကို ကောင်းစွာသိထားလို့ပီအက်စ်ဂျီအသင်းကို ကျွန်တော်ပြောင်းရွှေ့ခဲ့တာပဲ ဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားတစ်ယောက်အနေနဲ့အသင်းအတွက် အကောင်းဆုံးကူညီပေး နိုင်အောင်လည်း ကြိုးစားသွားမှာပါ " လို့ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Source - Goal.com 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။