ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာတော့ ဖီလစ်ပိုင်နိုင်ငံ တောင်ပိုင်းက ဗလီတစ်ခု ဗုံးနဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။

၎င်းဗလီကတော့ ခရစ်ယာန်အများစု ကြီးစိုးရာ ဇန်ဘိုအန်ဂါနာမြို့က ဗလီဖြစ်ပြီး ညသည့်ခေါင်ယံကျော်အချိန်မှာ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ 

ဒါ့အပြင် ဒီဖြစ်ရပ်ဟာ ခရစ်ယာန်ဘုရားကျောင်းအတွင်း ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် လူ၂၁ ဦးသေဆုံးခဲ့တဲ့ဖြစ်ရပ်အပြီး သုံးရက်အကြာမှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

ယခုဒီဗလီအတွင်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်တော့ လူ ၂ ဦးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် လူလေးဦးလောက်လည်း ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံသို့ပို့ဆောင်ပေးထားရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ဗလီအတွင်းမှာ ၎င်းဗုံးတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးတွေကို ရှင်းလင်းနေတယ်လို့သိရပါတယ်။ 

source _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။