မြန်မာနိုင်ငံမှာ လူကြိုက်အများဆုံး သီချင်းဆိုပြိုင်ပွဲ အစီအစဉ်တစ်ခုဖြစ်တဲ့ Myanmar Idol ပြိုင်ပွဲကြီးရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်အဖြစ် သြဇာပါဝါပြည့်တဲ့ အသံမျိုးနဲက အစီအစဉ်တစ်ခုလုံးကို တင်ဆက်ပေးနေသူ ပင်တိုင် Presenter ကျော်ထက်အောင်ကိုတော့ ဖြင့် ပရိသတ်မျာ းအထူးတလည် မိတ်ဆက်ပေးနေစရာ လိုမယ် မထင်ပါဘူး။ ခန့်ညားပီသတဲ့ရုပ်ရည်ရှိသူတစ်ဦး ဖြစ်သလို Presenter တစ်ယောက် အဖြစ်သာမက လက်ရှိမှာ ရုပ်ရှင်လောက၊ သရုပ်ဆောင် ပိုင်းကို ပါ ထိုးဖောက်လာသူ ဖြစ်ပါတယ်။

ယောက်ျားပီသပြီး လူကြီးလူကောင်းဆန်တဲ့ ရုပ်ရည်နဲ့ တကယ်ကို ခန့်ညားတဲ့ လူချောလေးတစ်ယောက်မို့ မိန်းမချောလေးတွေ အလွန်ကြွေရသူ လူချောလေး ကျော်ထက်အောင် ဟာ လက်ရှိမှာတော့ " ကိုယ်ပွား" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ မျက်နာသစ် မင်းသမီးချော နေခြည်ဦးနဲက အတူ ပါဝင်သရုပ်ဆောင်နေပြီး ဒီရုပ်ရှင်ရဲ့ ရိုက်ကွင်းတချို့ကိုတော့ တောင်ကြီးမှာ သွားရောက်ရိုက်ကူးထားတာဖြစ်ပါတယ်။

ဇာတ်ဝင်ခန်းနဲ့ ပတ်သက်တဲ့ ရှူတင်ရိုက်ကွင်းပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးခဲ့ပြီး ကိုယ်ပွား" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုလုံးဟာ လက်ရှိမှာ အားလုံး ရိုက်ကူးပြီးစီးခဲ့ပြီမို့ ကျော်ထက်အောင် တစ်ယောက် တောင်ကြီးက 'ကိုယ်ပွား' ပရိသတ်တွေကို နှုတ်ဆက်ရင်း လက်ရှိမှာ ရန်ကုန်ကို အပြေးလေး လေယာဉ်ခရီးလေးနဲ့ ပြန်လာနေပြီဖြစ်ပါတယ်။

source: Kyaw Htet Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။