လက်ရှိရေပန်းစားနေတဲ့ One Championship (MMA)မစ်ဒယ်ဝိတ်တန်းခါးပတ်လု ယှဉ်ပြိုင်မှုကိုတော့ ပရိသတ်အားလုံးစိတ်ဝင်စားနေပြီထင်ပါတယ်။

ပြိုင်ဘက်နှစ်ဦးစလုံးကတော့ အပြင်းအထန်လေ့ကျင့်မှုတွေနှင့်အတူ ပရိသတ်ကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာမှာသေချာပါတယ်။

လာမည့်မတ်လရဲ့ အကောင်းဆုံးပွဲတစ်ပွဲဖြစ်လာမယ်လို့ လက်ဝှေ့ဖိုက်တာများရဲ့ခံမှန်းချက်များစွာလည်း ထွက်ပေါ်နေတာတွေ့ရပါတယ်။ 

အောင်လအန်ဆန်းရဲ့ပြိုင်ဘက် ဂျပန်ဖိုက်တာ ခန်ဟစဲ့ဂါဝါကတော့ ဒုတိယအကြိမ်ထိပ်တိုက်တွေ့ဆုံမယ့် မစ်ဒယ်ဝိတ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေနှင့်အတူ ချန်ပီယံနေရာကို သိမ့်ဆည်းနိုင်ဖို့ ပြုလုပ်နေကြောင်း သိရပါတယ်။ ပထမအကြိမ်ရှုံးပွဲကို ချေဖျတ်ပြီး MMA ဖိုက်တာတိုင်းရဲ့ အဓိကအိမ်မတ်တစ်ခုဖြစ်တဲ့ ချန်ပီယံခါးပတ်ကို အောင်လအန်ဆန်းဆီက အပိုင်သိမ်းနိုင်မလားဆိုတာကတော့ ပရိသတ်တွေနဲ့အတူ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။  

စိန်ခေါ်မှုတွေ ပြင်းထန်လာသည်နှင့်အမျှ ကြိုးစားရုန်းကန်မှုတွေကိုပါ ထုတ်ပြရမယ့် ပွဲကောင်းတစ်ပွဲဆိုတာပရိသတ်ကြီးအသိပဲဖြစ်မယ်ထင်ပါတယ်။ အောင်လအန်ဆန်းကလည်း ပြိုင်ပွဲအတွက် အဓိကလိုအပ်ချက်တွေကိုပြင်ဆင်နိုင်ရန်နှင့် အတူတကွလေ့ကျင့်ရန် ကမ္ဘာ့ဖိုက်တာတွေ့ကို ခေါ်ယူလေ့ကျင့်နေပြီဖြစ်ကြောင်း သိရပါတယ်။ ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာမည့် အဆိုပါ A NEW ERA ပြိုင်ပွဲကြီးအတွက် အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်နေတဲ့ ပရိသတ်အချစ်တော်အောင်လရဲ့ လက်တလောပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

photos - aung La 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။