အမေရိကန်သန်းပေါင်း (US$230 million) သန်း ချမ်းသာတဲ့ အဆိုတော် Rihanna ဟာသူမရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်ဖြစ်တဲ့ www.fentybeauty.com website ကို တည်ထောင်ပြီး အဆင့်တန်းမြင့်မြင့်နဲ့ အရေးအသွေးကောင်းမွန်တဲ့ cosmetics ကို ဖြန့်ချိခဲ့တဲ့ စီးပွားရေးပညာရှင် အမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ US Billboard ရဲ့ လူကြိုက်အများဆုံးသီချင်းတွေ စာရင်းမှာ Rihanna ရဲ့ သီချင်းတွေဟာ ထိပ်ဆုံးက ပါဝင်ခဲ့သလို ယနေ့တိုင် အောင်မြင်နေဆဲ ဖြစ်ပါတယ်။

အဆိုတော် Rihanna ကတော့ 1988ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀) ရက်နေ့မှာ မွေးဖွးခဲ့တဲ့ အဆိုတော် ၊ သီချင်းရေးဆရာ၊ နဲ့ စီးပွားရေးပညာရှင် အမျိုးသမီး တစ်ယောက်လည်း ဖြစ်ပါတယ်။ 2003ခုနှစ်မှာ record producerတစ်ယောက်ဖြစ်တဲ့ Evan Rogers နဲ့ စတင်လက်တွဲပြီး Def Jam Recordings နဲ့ လဲ သီချင်း သီဆိုဖို့ စာချုပ်များ ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။မင်းသမီးတစ်ယောက်လည်း ဖြစ်သလို Rihanna ကိုယ်တိုင်ပါဝင်ခဲ့တဲ့ " ocean's 8" အက်ရှင်လ် ဇာတ်ကားဟာလည်း ရုံတင်ပြသခဲ့ပြီဖြစ်ပါတယ်။

လတ်တလောမှာ တော့ အဆိုတော် Rihannaဟာ သူမရဲ့ သူငယ်ချင်းတွေနဲ့ ညနေစာ စားဖို့ အတွက် New Yorkမြို့ကြီးရဲ့ နာမည်ကြီးKappo Masa ဆိုတဲ့ Japanese restaurant ကို သွားရောက်ခဲ့ပြီး အရမ်းကို ဖက်ရှင်လ်ကျ လျပနေတာကို မြင်တွေ့ရမှာ ပါ။ သူမရဲ့ တန်ဖိုးကြီးကားကို ကိုယ်တိုင်မောင်းခဲ့ပြီး ပါပါရာဇီတွေ ဝန်းရံနေတဲ့ ကြားက အေးအေးဆေးဆေးနဲ့ ခပ်ချေချေလေး ရောက်ရှိလာခဲ့တဲ့ သူမဟာ သိပ်ကိုလှပနေပါတယ်။  

source: http://www.justjared.com 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။