ကမ္ဘာကျော် ပေါ့ခ် အဆိုတော် Justin Bieberဟာ အောင်မြင်ကျော်ကြားသလို အတိုက်အခိုက် လူမုန်းလည်းများပါတယ်။ သူ့ကိုချစ်တဲ့ ပရိသတ်တွေကလည်း အရူးအမူးဖြစ်သလို မုန်းတဲ့ပရိသတ်တွေကလည်း ကိုယ်ထိလက်ရောက် နာကျင်စေတဲ့ထိ တိုက်ခိုက်ကြပါတယ်။၂၀၀၉ ခုနှစ် အသက် ၁၄ နှစ်မှာ မှာ Usherရဲ့ လက်တွဲခေါ်မှု နဲ့အတူ ငယ်စဉ်ထဲက ပါလာတဲ့ ပါရမီရယ်၊ ကြိုးစားမှုရယ် ပေါင်းစပ်လို့ ရဲ့ Justin Bieberရဲ့ "Baby"သီချင်း ဟာ အရမ်းကိုအောင်မြင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် သီချင်းတွေဆက်လက်ထုတ်ဝေခဲ့ပြီး ကမ္ဘာလှည့် တွေ သီဆိုရတဲ့ အထိ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ Justin ရဲ့ မန်နေဂျာ Scooter Braun ဟာ အရမ်းကိုတော်တဲ့သူတစ်ယောက်ပါ။ Justin Bieber ဟာ အောင်မြင်လာပြီးနောက်ပိုင်း လူငယ်သဘာ၀ အခွင့်ရေးတွေ လွတ်လပ်ရေးတွေ ဆုံးရှုံးလာတဲ့နောက် သွားလေရာနေရာတကာမှာလည်း ပါပါရာဇီတွေက သူမကြိုက်တဲ့ မေးခွန်းတွေကို တောက်လျောက်လိုက်မေးတဲ့တွက် မကြာခဏဆိုသလို ခိုက်ရန်ဖြစ်ပွားခဲ့ဖူးပါတယ်။Justin ရဲ့ တချို့သော အပြုအမူတွေကြောင့် Justin Bieberကို လုံး၀ ဖျော်ဖြေခွင့် မပြုတဲ့နိုင်ငံတွေလည်းရှိပါတယ်။

# 15 LAS VEGAS INDOOR SKYDIVING

Skydiving လုပ်တာဟာ စိတ်ဖီးစီးမှုတွေကို လျော့ပါးစေပေမဲ့ မှာ ရှိတဲ့Las Vegas Indoor Skydiving တံခါးရှေ့ကို justin တစ်ယောက်သွားခွင့် မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်လောက်ကLas Vegas Indoor Skydiving ရဲ့ တရားဝင် ပိတ်ချိန် မှ Justin Bieber ဟာ Skydiving ပျံဖို့ လုပ်ခဲ့ပါတယ်။ ရုံးဝန်ထမ်းတွေကို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခဲ့တာရယ်၊ ရေချိုးခန်းတွေမှာ ညစ်ပတ်နေအောင် ပြုလုပ်သွားတာရယ်၊ ပျံသန်းချိန်မှာ ဓာတ်ပုံရိုက်တဲ့အခါ ဆောင်ရမဲ့ အခွန်ရယ်ကိုလည်း မပေးခဲ့တာကြောင့် ဟာ တစ်သက်တာလုံးလာရောက်လည်ပတ်ခွင့် မရှိတော့တာဖြစ်ပါတယ်။ Justin Bieber ဟာ စုစုပေါင်း $1,600 ပေးဖို့ကျန်ပါသေးတယ်။  

#14 NEW ZEALAND

လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်က New Zealandနိုင်ငံ Auckland မှာရှိတဲ့ Langham Hotel မှာ Justin Bieberဟာ တည်းခိုနေစဉ်အတွင်းမှာ အခန်းထဲကို မိန်းကလေးတွေ အများကြီး အလည် ခေါ်ပြီး အခွန်မဆောင်ခဲ့တဲ့အတွက် နောက်ထပ်တည်ခိုးခွင့်ကို တားမြစ်ခဲ့တာဖြစ်ပါတယ်။

#13 PHILIPPINES

၂၀၁၂ အစောပိုင်းလောက်က ဖိလစ်ပိုင်နိုင်ငံ ရဲ့ လက်ဝှေ့ ချန်ပီယံ Manny Pacquiao ဟာJustin ရဲ့ ခြေထောက်အောက်မှာကျဆုံးသွားတယ်ဆိုတဲ့ Photoshopသုံးထားတဲ့ ပုံတစ်ပုံကို Twitter မှာ Funny ဆိုပြီး တင်ခဲ့တာကြောင့် ဖိလစ်ပိုင်အစိုးရဟာ အရမ်းစိတ်ဆိုးခဲ့တာကြောင့် justinကို တရားဝင်လည်ပတ်ခွင့် ပိတ်ထားတာဖြစ်ပါတယ်။

#12 BRAZIL

၂၀၁၃ ခုနှစ် ကမ္ဘာ လှည့် မဖျော်ဖြေခင် Justin ဟာ Brazil နိုင်ငံ Rio de Janeiro ကမ်းခြေမြိုကလေးကို အလည်သွားခဲ့ပါတယ်။ ကမ်းခြေမှာ ပါတီပွဲကျင်းပခဲ့သလို ပြည်တန်ဆာအိမ်က ကောင်မလေးနှစ်ယောက်ကို ခိုးထုတ်ဖို့ ကြိုးစားခဲ့တာကြောင့် ကမ္ဘာကျော် အဆိုတော် နာမည်ကြီးတစ်ယောက်အနေနဲက သူ့ရဲ့ ဒီအပြုအမူတွေကို ဘရာဇီးနိုင်ငံသားတွေက အရမ်းစိတ်ပျက်ခဲ့တာဖြစ်ပါတယ်။Sao Paolo မြို့မှာ သွားရောက် ဖျော်ဖြေတဲ့အခါမှာတော့ ဘရားဇီနိုင်ငံသား တစ်ယောက်က Justinကို ရေသန့်ဘူးနဲ့ ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။

#11 BOGOTÁ, COLOMBIA

Colombia နိုင်ငံ Bogota က ဟိုတယ်တစ်ခုမျာ တည်းခိုစဉ်က justinဟာ ပြဿနာတစ်ခု ၇ှာခဲ့ပါသေးတယ်။ အကြောင်းကတော့ justin ဟာ သူတည်းခိုခဲ့တဲ့ အခန်းထဲမှာ မှုတ်ဆေးဘူးတွေနဲ့ Graffiti (နံရံပန်းချီ) ဆွဲခဲ့လို့ပါ။

#10 VIENNA, AUSTRIA

၂၀၁၃ ခုနှစ်လောက်မှာ သြစတေးလျနာမည်ကြီး သတင်းစာတိုက်က သတင်းသမား တစ်ယောက်က justin ကို စွတ်စွဲသတင်းရေးဖူးပါတယ်။ သြစတေးလျ မှာရှိတဲ့ Passage Club မှာ ညထွက်Club တက်စဉ်က သြစတေးလျပရိသတ်တချို့ကို တိုက်ခိုက်ဆန့်ကျင်တဲ့ အပြုအမူတွေကြောင့် clubကနေ မောင်းထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

#9 THE MIDDLE EAST

Middle Eastern မှာ ရှိတဲ့ နိုင်ငံအတော်များများဟာ အယူသီးတဲ့ မွတ်လဆင်နိုင်ငံတွေဖြစ်ပြီး Justin ကိုလာရောက် လည်ပတ်ခွင့်ကော ဖျော်ဖြေခွင့် ပါ တရားဝင် ပိတ်ထားတာဖြစ်ပါတယ်။ဘာကြောင့်လဲ ဆိုတော့ Justin ဟာ magazine Interview တစ်ခုမှာ သူယုံကြည်ရာ ခရစ်ယာန်ဘာသာအရ ယေရူခရစ်တော် မရှိရင် သူလည်းမရှိနိုင်ကြောင်း ယေရူခရစ်တော်ကို ချီးမွမ်းပြောဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။နောက်ထပ် Purpose Album ပေးမှာ ရင်ဘတ်ဖော်ပြီး ရိုက်ခဲ့တဲ့ ပြင် Justin ရဲ့ ကိုယ်ပေါ်က မြင်သာတဲ့ တက်တူးတွေကြောင့်ရယ်ဖြစ်ပါတယ်။

#8 MAYAN RUINS

၂၀၁၆ ခုနှစ်အစောပိုင်းလောက်မှာ မက်ဆီကိုနိုင်ငံမှာ ရှိတဲ့ Mayan မြို့ဟောင်းကြီး မှာ Justinသွားရောက်လည်ပတ်စဉ်က မလေးစားရာကျတဲ့ အပြုအမူ တစ်ခုက်ုလုပ်ခဲ့မိတာ ဖြစ်ပါတယ်။ မာယာမြို့ဟောင်းကြီးဟာ မာယာ လူမျိုးတွေအတွက် အလွန်တရာ ရှေးကျပြီး တန်ခိုးကြီးယုံကြည်ရာဖြစ်ပါတယ်။Justin ဟာ မြို့ကို တက်ရောက်လည်ပတ်စဉ်မှာပဲ ပင်တီအတွင်းခံကိုဖော်ဝတ်မိတာရယ်၊ အယ်ကိုဟော်လ် ပါတဲ့ ပုလင်းကို ဖွင့်ပြီး သောက်ခဲ့တာရယ် အရိုအသေတန်တဲ့ အပြုအမူမျိုး Justinမသိပဲလုပ်ခဲ့တာဖြစ်ပါတယ်။

#7 GERMANY

Believe tour သီချင်းဖျော်ဖြေပွဲအတွက် ဂျာမနီနိုင်ငံကိုလာရောက်စဉ်မှာ သူ့ရဲ့ အိမ်မွေး မျောက်မလေး Mally ကို တရားမဝင် ခေါ်ယူလာတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အာဏာပိုင်တွေနဲ့ စကားများခဲ့ရတာဖြစ်ပါတယ်။

#8 MIAMI, FLORIDA AND LOS ANGELES, CALIFORNIA

Miami,Florida မှာ Justin ရှိနေစဉ် ဆေးမှု နဲ့ အဖမ်းခံရစဉ်မှာ Drug test ကို ကျခဲ့တာကြောင့်Justinဟာ ဆေးသုံး သူအဖြစ် ရုံးတက်ခဲ့ရပြီး ဒဏ်ငွေ $50,000 ပေးဆောင်ခဲ့ရပါတယ်။နောက်ထပ်Los Angeles မှာ ရှိနေစဉ်မှာ Justin ဟာ သူ့ရဲ့ အိမ်နီးချင်းတွေကို ကြက်ဥနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ဒဏ်ငွေ $80,000 ပေးဆောင်ခဲ့ရပါတယ်။ ကယ်လီဖိုးလီယားပြည်နယ် Beverly Hills မြို့မှာ သွားရောက်နေစဉ်က လည်း ညအချိန်မတော်ဆူညံ့မှုနဲ့ ရဲခေါ်ရတဲ့ထိ ဖြစ်ခဲဖူးတာတွေကြောင့် ဖြစ်ပါတယ်။

#5 JAPAN

Japan မှာ ရှိတဲ့ Yasukuni စစ်သချိုင်းဗိမာန်ကို Justin သွားရောက်လည်ပတ်စဉ်က အရိုအသေပေးနေတဲ့ ပိုစ့်နဲ့ ပုံရိုက်ယူခဲ့ပြီး Thank you for your blessings ဆိုတဲ့ ပိုစ့် တစ်ခုကို Twitterမှာ တင်ခဲ့တာကြောင့် ဂျပန်လူမျိုးတွေက သူတို့ နိုင်ငံရဲ့ အရိုအသေထားရာကို စော်ကားတယ်လို့ သတ်မှတ်ပြီး ကို လာရောက်ဖော်ဖြေခွင့်ပိတ်ခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Yasukuni စစ်သချိုင်းဗိမာန်ဟာ ဒုတိယကမ္ဘာစစ်က သေဆုံးသွားတဲ့ ဂျပန်စစ်သားတွေကို ဂုဏ်ပြုအထွတ်အမြတ်ထားရာဖြစ်ပါတယ်။ Justin က Thank you for your blessings လို့ စာတင်ခဲ့ချိန်မှာတော့ လူသတ်သမားတွေ သေဆုံးသွားလို့ ဝမ်းမြောက်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်သွားစေတာဖြစ်ပါတယ်။

#4 ONTARIO, CANADA

Justin ဟာ ကနေဒါ နိုင်ငံသားဖြစ်ပေမဲ့လည်း ကနေဒါနိုင်ငံကို ပြန်လာခွင့် ကို ပိတ်ပင်ထားတာဖြစ်ပါတယ်။ justin ဟာ သူလည်ပတ်သွားရောက်ခဲ့တဲ့ နေရာအတောများများမှာ ဥပဒေနဲ့ ညှိစွန်းတဲ့ပြစ်မှုတွေ အများကြီးလုပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။

#3 NEW YORK CITY CLUBS

နယူးရော်ခ့်မှာရှိတဲ့ နာမည်ကြီး Night Clubs လေးခုလောက်က justinကို လာရောက်ခွင့် လုံးဝပိတ်ထားတာဖြစ်ပါတယ်။ Justinဟာ club မှာ တခြားတစ်ယောက်ထိခိုက်စေတဲ့ ပြဿနာတွေ မကြာမခဏဆိုသလိုဖြစ်တတ်တာကြောင့် Justinကို Night Clubs မှာ ဘယ်တော့မှ တွေ့ရမှာ မဟုတ်ပါဘူး။

#2 INDONESIA

အင်ဒိုနီးယားနိုင်ငံ ဟာ မွတ်ဆလင်နိုင်ငံဖြစ်သလို ရဲ့ ၂၀၁၂လောက်က ထွက်ရှိလာတဲ့ Purpose album မှာ ပါဝင်နေတဲ့ ခရစ်ယာန်အယူဝါဒတွေကြောင့် ကို ဖျော်ဖြေခွင့် ပိတ်ထားတာဖြစ်ပါတယ်။

#1 ARGENTINA

Justinနဲ့ သူ့ ဘော်ဒီဂတ်ဟာ အာဂျင်တီးနား လူမျိုး ဓါတ်ပုံဆရာ Diego Pensoa ကို ကိုယ်ထိလက်ရောက်တိုက်ခိုက်ဖူးတဲ့အတွက် အာဂျင်တီးနားနိုင်ငံမှာ ဖျော်ဖြေခွင့် ပိတ်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီအတွက်Justin ဟာ ပြန်လည်တောင်းပန်ခဲ့ ပေမဲ့ Purpose Tour ပွဲကို အာဂျင်တီးနား မှာ ပြုလုပ်ခွင့် မရခဲ့ပါဘူး။ နောက်ဆုံးအနေနဲ့ တရုတ်နိုင်ငံဟာ လည်း Justin အပါအဝင် Lady Gaga, Selena Gomez, Bon Jovi, Maroon 5, Linkin Park နဲ့Bjork တို့ကို ဖျော်ဖြေခွင့်ပိတ်ထားတာဖြစ်ပါတယ်။

source: www.therichest.com;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။