"King of Pop" လို့တောင် တင်စားရခဲ့တဲ့ ပေါ့ခ်အဆိုတော် နဲ့ အကအလှဘုရင် မိုက်ကယ်ဂျက်ဆင် ဟာ Grammy Awards ဆု(၁၃) ဆု ၊ American Music Awards (၂၄) ဆု နဲ့ အခြားသော ဆုများစွာကို ရရှိခဲ့တဲ့ ကမ္ဘာကျော် အဆိုရှင်တစ်ဦးဖြစ်ပါတယ်။ မိုက်ကယ်ဂျက်ဆင်မှာ့ Michael Joseph Jackson သားတစ်ယောက် နဲ့ Paris Jackson ဆိုတဲ့ သမီး တစ်ယောက် အပြင် ပထမမိန်းမ ဖြစ်တဲ့ အဆိုတော်မလေး Lisa Marie Presley နဲ့ ပထမဆုံး သားဖြစ်ဖြစ်တဲ့ Prince Michael Jackson ဆိုတဲ့ သားသမီး(၃) ယောက် ကျန်ရစ်ခဲ့ပါတယ်။

လက်ရှိမှာ မင်းသမီးတစ်ယောက်၊ မော်ဒယ်လ်တစ်ယောက် အဖြစ် ရပ်တည်နေတဲ့ မိုက်ကယ်ဂျက်ဆင် ရဲ့သမိးဖြစ်သူ Paris Jackson ကတော့လက်ရှိမှာ အသက်(၂၀) ဝန်းကျင်ရှိပြီ ဖြစ်ပြီး သူမရဲ့ သွင်ပြင်ကတော့ လူမဲတစ်ဝက်သွေးတဝက် သွေးနှောလေးမို့ တမျိုးလေးကြည့်လို့ လှနေသူလေးဖြစ်ပါတယ်။ လူဖြူတစ်ယောက် အသွင်အပြင်ရှိကြပေမဲ့လည်း မိုက်ကယ်ရဲ့ မျိုးဆက်သစ် သွေးသားရင်းတွေအနေနဲ့ Paris Jackson ကတော့ သူမကိုယ် သူမ လူမဲတစ်ယောက်လို ခံယူထားသူဖြစ်ပါတယ်။

လက်ရှိမှာ တော့ Paris Jackson ဟာ သူမရဲ့ ခပ်ချောချော ချစ်သူကောင်လေး ဖြစ်တဲ့ Gabriel Glenn နဲ့ လက်ချင်းတွဲကာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီယားပြည်နယ်၊ အနောက်ဟောလီဝုဒ်အပိုင်းက လမ်းမတစ်ခုမှာ လက်တွဲချင်းလို့ လူမြင်ကွင်းမှာ ပေါ်ပေါ်တင်တင် လမ်းလျှောက်ထွက်ခဲ့ကြတာဖြစ်ပြီး Paris Jacksonတစ်ယောက် သိပ်ကို ပျော်ရွှင်နေပါတယ်။ တစ်ယောက် မျက်နာ တစ်ယောက်ကြည့်လို့ ပျော်ရွှင်နေတဲ့ Gabriel Glenn နဲ့ မိုက်ကယ်ရဲ့ မျိုးဆက်သစ်လေး Paris Jackson တို့ရဲ့ စုံတွဲပုံရိပ်လေးတွေကို ဖော်ပြလိုက်ရပါတယ်။

source: http://www.justjared.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။