ပရိသတ်ကြီးကိုဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ ကမ္ဘာတစ်လွှားကထူးခြားအံ့သြဖွယ်ရာအကြောင်းပဲဖြစ်ပါတယ်။ Betty လို့အမည်ရှိတဲ့ စက်ရုပ်လေးက လူတွေကိုဦးဆောင်ပြီး ဧည့်လမ်းညွှန်လုပ်ပေးတဲ့အကြောင်းပဲဖြစ်ပါတယ်။ ထိုစက်ရုပ်လေးဟာဆိုရင်တော့ အမြင့် ၅ပေရှိတာဖြစ်ပြီး စမ်းသပ်ကာလအနေနဲ့ Winston Churchill မွေးဖွားရာနေရာ၊ Blenheim နန်းတော်အစရှိတဲ့ နာမည်ကြီးအထင်ကရနေရာတွေကို လိုက်လံပို့ဆောင် ရှင်းပြပေးတာဖြစ်ပါတယ်။ ဒါ့အပြင်ခရီးသွား ဧည့်သည်တွေနဲ့အတူ selfie ဆွဲပေးတာဖြစ်ပြီး social media အပေါ်တင်ဆက်ပြသပေးတဲ့ ဝန်ဆောင်မှုစနစ်လည်းရှိတယ်လို့ဆိုပါတယ် ပရိသတ်ကြီးရေ....။

နောက်ဆုံးပေါ် နည်းပညာများနဲ့ တီထွင်ပြုလုပ်ထားတဲ့ betty ဟာဆိုရင် ဧည့်သည်တွေက မေးမြန်းနိုင်တဲ့ သတင်းအချက်အလက်များကို ပြန်လည်ဖြေဆိုနိုင်တဲ့ နောက်ဆုံးပေါ်ဒီဇိုင်းအမျိုးအစားလည်းဖြပါတယ်။ သူက ဧည့်သည်များနှင့်အတူ selfies ဆွဲပေးတာဖြစ်ပြီး လူကြီးမင်းတို့အနေနဲ့ တွစ်တာပေါ်မှာ hashtag bettyinthepalace သုံးပြီး upload တင်လို့ရတာပဲဖြစ်ပါတယ်။ တစ်ကယ့်ကိုအဆင်ပြေ အကျိုးသက်ရောက်မှုရှိတဲ့ စက်ရုပ်လေးပဲဖြစ်ပါတယ်။

အဆိုပါ လူသားတို့အတွက်တစ်ကယ်အသုံးဝင်တဲ့ စက်ရုပ်လေးကိုတော့ အောက်စဖို့တက္ကသိုလ်ရဲ့ဦးစီးဌာနတစ်ခုဖြစ်တဲ့ အင်ဂျင်နီယာသိပ္ပံကျောင်း boffins ကဒီဇိုင်းရေးဆွဲပေးခဲ့တာဖြစ်ပါတယ်။ ထိုဌာနမှ ပြောရေးဆိုရေးရှိသူတစ်ဦးက ''ဘက်တီစက်ရုပ်ဟာ ယခုမှာဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ လူသားတို့မျိုးနွယ်တို့ကြား ဘယ်လိုနည်းနဲ့မဆိုတစ်ဖက်တစ်လှန်းက ကူညီဆောင်ရွက်ပေးနိုင်တာဖြစ်ပြီး ကျွန်ုပ်တို့ရည်မှန်းချက်နှင့်အတူဖွံ့ဖြိုးထားသော နောက်ခံနည်းပညာအချို့ကိုသရုပ်ဖော်တင်ဆက်ပြသခွင့်ရတဲ့အတွက် တစ်ကယ်ကျေနပ်မိပါတယ်" လို့ဆိုထားတာဖြစ်ပါတယ်။ သိမှတ်စရာတစ်ခုအနေနဲ့ ဗဟုသုတဖြစ်ဖွယ် မှတ်သားလို့ရအောင် Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။