Hanna Yuriဟာ သူမရဲ့ Special Makeup effectကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ထိ သွားရောက်ပညာသင်ယူခဲ့ပြီး လက်ရှိရန်ကုန်မြို့မှာMakeup Artist နဲ့ မော်လ်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ သူမအနေနဲ့ လတ်တလော မြန်မာနိုင်ငံမှာ မိန်းကလေးတွေ အတွက် မိတ်ကပ်ရက်တိုသင်တန်း လေးတွေ ဖွင့်ဖြစ်နေပြီး Modelingနဲ့ ကြော်ငြာပိုင်းကိုကော ထိုင်းနိုင်ငံမှာ ပိုပြီး အလုပ်လုပ်ဖြစ်နေတယ်လို့ ဆိုလိုက်ပါတယ်။

အရမ်းကို ကြောက်ဖို့ ကောင်းတဲ့ သရဲရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ "ဝိညာဉ်စိမ်း"ရုပ်ရှင်ဇာတ်ကားကြီးမှာ မိတ်ကပ်အထူးပြုလုပ်ချက် (Special Makeup effect)အပိုင်း အနေနဲ့Hanna Yuri တစ်ယောက် မိတ်ကပ်ပညာရှင် အဖြစ်ပါဝင်ခဲ့ပြီး ဇာတ်လမ်းဖြစ်မြောက်ရေးအတွက် အကောင်းဆုံးကြိုးစားခဲ့သူလေးလည်းဖြစ်ပါတယ်။

Hanna Yuri အနေနဲ့ အချစ်ရေးမှာ ခုထိ တစ်ယောက်တည်းဖြစ်သလို သူမဟာ ကိုရီးယားဆန်တဲ့ ကောင်လေးတွေ သဘောကျသလို မြန်မာကောင်လေးတွေလည်း ချောပါတယ်လို့ ဖွင့်ဟထားလိုက်ပါတယ်။ လတ်တလောမှာ သူမဟာ ကြော်ငြာနဲ့ MTV သီချင်ေးတွမှာ အားထည့်ပြီး အနုပညာအလုပ်တွေ လုပ်ဖြစ်နေသလို စိတ်အပန်းဖြေတဲ့ အနေနဲ့ အရမ်းကို မြင့်ပြီး လှပတဲ့ တောင်တန်းတစ်ခုပေါ် အရောက်သွားပြီး နေဝင်ချိန်ကို ခံစားခဲ့ပါသေးတယ်။

source: Hanna Yuri ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။