လက်ရှိအချိန်မှာဆိုရင်တော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေဟာ ဆိုးရွားတဲ့ အခြေအနေမှာရှိနေတယ်လို့သိရပါတယ်။

၎င်းလေထုညစ်ညမ်းမှုကြောင့် ဘေးပတ်ဝန်းကျင်ကို သဲကွဲစွာမမြင်ရလောက်အောင် မှုန်ဝါးနေတယ်လို့သိရပါတယ်။

ဒေသခံပြည်သူတွေဟာလည်း ၎င်းလေထုညစ်ညမ်းမှုကြောင့် အသက်ရှူမဝတာ ၊ နှာစေးတာ ၊ လည်ချောင်းနာတာတွေဖြစ်ပေါ်နေပါတယ်။

ဒါ့ကြောင့် mask အသုံးပြုသူတွေများလာတာကြောင့် mask တွေဟာ ဈေးလည်းကြီးလာသလို ပစ္စည်းမလောက်တာကြောင့် ဒေသံတွေအတွက် မလောက်မငဖြစ်နေတယ်လို့သိရပါတယ်

လက်ရှိအချိန်မှာဆိုရင်လည်း ဘန်ကောက်လေထု ညစ်ညမ်းမှုမှာ ထုထည် pm 2.5 အဆင့်ကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းလေးထုညစ်ညမ်းမှု အခြေအနေဆိုးရွားနေမှုကြောင့် စာသင်ကျောင်းပေါင်း ၄၃၇ ကျောင်းကိုလည်း ယာယီပိတ်ထားရပါတယ်လို့သိရပါတယ်။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။