စကော့တလန်နိုင်ငံဟာ အလွန်လှပပြီး သဘာဝအလှအပရှုခင်းတွေနဲ့ ပြည့်စုံနေတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း စကော့တလန်နိုင်ငံထဲက ကမ်းခြေတစ်ခုမှာ corryvreckan Malestorm အမည်ရတဲ့ ဝဲဂယက်ဟာ အတော်လေးကိုအားပြင်းပြီး သူ့အနားသွားမိတဲ့ လူမှန်သမျှကို ရေအနက် ပေ ၆၅၀ အထိဆွဲခေါ်သွားနိုင်တာကြောင့် အလွန် အန္တရာယ်များတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ 

အင်္ဂလန်နိုင်ငံဟာ အေးမြတဲ့ ရာသီဥတုနဲ့အတူ နေလို့ကောင်းတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ စမ်းချောင်းလေးတွေကလည်း ပေါများလှတြံ အပြင် သဘာာဝရှုခင်းတွေကို ခံစားချင်သူတွေအတွက် ကွက်တိပါပဲ။ ဒါပေမယ့်လည်း ဘော်လ်တန် မြို့မှာရှိတဲ့ စမ်းချောင်းလေးကိုတော့ မလည်ပတ်ဖို့ အပြင်းအထန်တားမြစ်ထားပါတယ်။ အကြောင်းအရင်းကတော့ စမ်းချောင်းလေးဟာ အလွန်မှကိုနင်လှပြီး ရေစီးကြောင်းကလည်း အလွန်အစီးသန်တာကြောင့် လူတစ်ယောက်ကို အသာလေးမျောပါသွားစေနိုင်ပါတယ်။ 

နောက်ထပ်တစ်နေရာကတော့ ပြင်သစ်နိုင်ငံက Odessa catacombs လို့အမည်ရတဲ့ မြေအောက်သချိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေရာဟာ ဝင်္ကပါ ပုံစံတည်ဆောက်ထားတာ ဖြစ်ပြီး နေရာတိုင်းမှာလည်း အရိုးခေါင်းတွေနဲ့ ခြောက်ခြားလှတဲ့ နေရာ အဖြစ်တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ရှုပ်ထွေးလှတဲ့နေရာတစ်ခုဖြစ်ပြီး ဒေသခံတွေရဲ့ ပြောကြားချက်အရ ညဘက်အခါ သွားလည်ရင် ပြန်ထွက်မလာနိုင်တော့ဘူးလို့တောင်ပြောကြပါတယ်။  

Source : Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။