ကမ္ဘာကျော် ပေါ့ခ်အဆိုတော် တစ်ဦးဖြစ်တဲ့ Justin Bieber ကတော့ လက်ရှိမှာ ပရိသတ်တွေကြား အုံးအုံးကြွက်ကြွက်ဖြစ်အောင် လုပ်ချလိုက်ပြန်ပါပြီ။ Justin Bieber ကို ဆိုရင် ယောကျာ်းလေးတော်တော်များများဟာ idol တစ်ယောက်အနေနဲ့ သတ်မှတ်ကြသလို သူ့ရဲ့ ဝတ်ပုံစားပုံ ဖက်ရှင်လ်တိုင်းကို တုပဝတ်ဆင်တဲ့ထိကို လူကြိုက်များတာဖြစ်ပါတယ်။

လက်ရှိမှာတော့ Justin Bieber ဟာသူ့ရဲ့ ကိုယ်ပိုင် Branded တစ်ခုဖြစ်တဲ့ Fashion Company တစ်ခုကို တည်ထောင်လိုက်ပြီး သူ့ Company ရဲ့ထွက်ရှိတဲ့ ဖက်ရှင်လ်တိုင်းကို တကမ္ဘာလုံးက ပရိသတ်တွေအတော်အများဟာ ဝယ်ယူဖို့ စိတ်ဝင်စားမှုမြင့်မားနေတာဖြစ်ပါတယ်။ အဝါ နဲ့ အသားရောင် တွေ နှစ်မျိုးကို ဦးစားပေး ထုတ်လုပ်ထားပြီး ဒီဇိုင်းတော်တော်များများကတော့ အတော်လေး ရိုးရှင်းသလို လူငယ်လည်းဆန်ပါတယ်။

Drew House, လို့အမည်ရတဲ့ Justin Bieber ရဲ့ Fashion Company ဟာသူ့ရဲ့ အလယ်နာမည်ကို အမည်ခံယူထားတာဖြစ်ပြီး သူ့ရဲ့ ဖက်ရှင်လ်ဆိုဒ်ကနေ street စတိုင်လ်ဘက်ကို အသားပေးတဲ့ oversized hoodies ၊ ဖိနပ်နဲ့ T-Shirt အပြင် Drew အမှတ်တံဆိပ်ပါ ဘောင်းဘီ စသဖြင့် ထုတ်လုပ်ထားတာမြင်တွေ့ရပါတယ်။ T-Shirtတစ်ထည်ကို အနိမ့်ဆုံး ဒေါ်လာ($48) ကနေ စတင်ဝယ်ယူနိုင်ပြီး ပရိသတ်တွေ စိတ်ဝင်စားနေမယ်ထင်တဲ့ Justin Bieber ရဲ့ Fashionတွေကို ဈေးနှုန်းလေးနဲ့ တကွ ဖော်ပြလိုက်ရပါတယ်။

source: https://www.elle.com/fashion/celebrity-style

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။