မကြာခဏဖြစ်ပေါ်တက်တဲ့ ပြည်တွင်း မီးလောင်မှုသတင်းတွေကိုတတော့ အားလုံးလည်း ကြားမိကြမယ်ထင်ပါတယ်။ ကြောက်စရာကောင်းတဲ့ မီးဘေးဒုက္ခကြောင့် သေဆုံးသူများစွာနှင့်အတူ ဘဝပျက်ခဲ့ရသူတွေလည်းများစွာဖြစ်ပေါ်ခဲ့တာအားလုံးအသိပဲဖြစ်မှာပါ။ ဒီကနေ့ ဇန်နဝါရီလ ၃၁ရက်နေ့ ရက်နေ့အစောဆုံးမှာပဲ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြောက်စရာမီးလောင်မှုကြီးတစ်ခုကတော့ ထပ်မှန်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။     

ဆိုပါ မီးလောင်မှုကတော့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၃)ရပ်ကွက်၊ ဖိုးရာဇာလမ်းတွင် ဖြစ်ပွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ၎င်းမီးလောင်မှုကတော့ မနေ့ည ၁၁ နာရီ ၅၀ခန့်ကဖြစ်ပွားခဲ့တာဖြစ်ကြောင်း ကနဦးသတင်းများအရသိရပါတယ်။ အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်ဌာနမှ LeveL (1) ယာဉ်အုပ်စုများထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၊ သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ်(၁)စီးမှ ကယ်ဆယ်ရေးနှင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ထွက်ခွာခဲ့ပြီး နေအိမ်မီးလောင်ခြင်း ဖြစ်ကာ (၀၀:၀၅)အချိန် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။  

ညအချိန်မတော်မီးလောင်ကျွမ်းခဲ့တာကြောင့် ပတ်ဝန်းကျင်ကို အထိပ်တလန့်ဖြစ်စေခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရပါတယ်။ မီးလောင်မှုပြင်းထန်ခဲ့တဲ့ မနေ့ညက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၄၃)ရပ်ကွက်၊ဖိုးရာဇာလမ်း နေအိမ် မီးလောင်မှုှုပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - နာရေးကူညီမှုအသင်း ရန်ကုန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။