အာဆင်နယ်အသင်းသည် ယနေ့မနက်အစောပိုင်းက ကာဒစ်ဖ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ဂိုးသွင်းခဲ့သော အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းသည် အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်သမိုင်းတွင် ကစားခွင့်ရသည့်ပွဲအနည်းဆုံးနှင့်ဂိုးအများဆုံးသွင်းသူ ဖြစ်လာတာပဲ ဖြစ်ပါတယ်။ အူဘာမီယန်သည် ပြီးခဲ့တဲ့ ဇန်နဝါရီလဈေးကွက်ကမှ အာဆင်နယ်သို့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကာဒစ်ဖ်နှင့်ပွဲတွင် သွင်းယူခဲ့သော သွင်းဂိုးမှာကစားခွင့်ရသည့် ပရီးမီးယားလိဂ် ၃၇ ပွဲ တွင် ၂၅ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ 

၁၉၉၂ ခုနှစ်မှစတင်သော ပရီးမီးယားလိဂ် သမိုင်းတွင် အာဆက်နယ်အသင်းအတွက် အချိန်အတိုဆုံးကာလအတွင်း ဂိုးအများဆုံး သွင်းနိုင်သူမှာ အွန်နရီဖြစ်ပြီး သူဟာ ပရီးမီးယားလိဂ် ၄၂ ပွဲကစားပြီးမှ ၂၅ ဂိုးသွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

တစ်ခြားသော ပွဲအနည်းဆုံးနှင့် ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံးသွင်းယူနိုင်သူများမှာ အီယန် ရိုက် ၅၁ ပွဲ ၊ ဆန်းချက်ဇ် ၅၉ ပွဲနှင့် အဒီဘာယော ၆၂ ပွဲတို့ ဖြစ်ပါတယ်။ ယခုရာသီတွင် ပရီးမီးယားလိဂ် တွင် တိုက်စစ်မှူး အူဘာမီယန်သည် ၁၅ ဂိုး သွင်းယူထားနိုင်တာလည်း ဖြစ်ပါတယ်။

Source - Goal .com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။