ပေါ်တူဂီ အမျိုးသမီလိဂ် ဒုတိယ တန်းပွဲစဉ်မှာတော့ ဘင်ဖီကာ အမျိုးသမီး အသင်းဟာ ပီဂိုအသင်းကို 32-0 နဲ့ အနိုင် ရရှိခဲ့ပါတယ်။အဆိုပါပွဲစဉ်ဟာ ပေါ်တူဂီ အမျိုးသမီး ဘောလုံး သမိုင်းကြောင်းတစ်လျှောက် ဂိုးအပြတ်ဆုံး နိုင်ပွဲအဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ 

ဘင်ဖီကာ အမျိုးသမီး ဘောလုံးအသင်းဟာ ဒီရာသီ အစပိုင်းမှ စတင် ဖွဲ့စည်းခဲ့သော်လဲ ၊ နိုင်ငံတကာ လက်ရွေးစင် ကစားသမား အများစုကို ခေါ်ယူ အခြေခံကာ အုတ်မြစ်ကောင်းအောင် တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီ ဘောလုံး အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းအရ အသင်းသစ် တစ်သင်းဟာဒုတိယတန်းကနေသာဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့သတ်မှတ်ထားတာဖြစ်ပါတယ်။ဒါကြောင့်လက်ရွေးစင်တွေနဲ့ဖွဲ့စည်းထားတဲ့အသင်းကအခုလို ဒုတိယ တန်းလိဂ်မှာ ဂိုးပြတ် နိုင်ပွဲတွေ ရရှိနေတာ ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိ စုစုပေါင်း 16 ပွဲ ကစားထားပြီး ၊ သူတို့ရဲ့ စုစုပေါင်း သွင်းဂိုးဟာ 293 ဂိုး အထိ ရှိနေကာ ၊ ပေးဂိုးကတော့ လုံး၀ မရှိသေးပါဘူး။လက်ရှိ ပေါ်တူဂီ ပထမတန်း လိဂ် ပြိုင်ပွဲမှာတော့ ဘင်ဖီကာ ရဲ့ပြိုင်ဘက်ကြီး ဖြစ်တဲ့ စပို့တင်း အမျိုးသမီး အသင်းက စိုးမိုးထားလျှက် ရှိနေကာ ၊ ပြီးခဲ့တဲ့ နှစ်ရာသီဆက်တိုက် ဗိုလ်စွဲထားပါတယ်။ လာမယ့် ဘောလုံးရာသီမှာတော့ ဘင်ဖီကာ အမျိုးသမီးအသင်းကလဲ တန်းတက်လာတော့မှာ ဖြစ်တာကြောင့် ပေါ်တူဂီ အမျိုးသမီးလိဂ် ရဲ့ ပြိုင်ဆိုင်မှုတွေလဲ ပိုမို ပြင်းထန်လာဖွယ် ရှိနေပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။