ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေကြေဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိမ်းတိုက်မှု၊ ယာဉ်တိမ်းမှောက်မှုအများဆုံးကတော့ အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားလျှက်ရှိကြောင့် ရှာဖွေစစ်ဆေးချက်များအရသိရပါတယ်။   

ဒီကနေ့ ဇန်နဝါရီလ ၃၁ရက်နေ့မှာလည်း ရန်ကုန်- နေပြည်တော်အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တစ်စီးတိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကတော့ ဒီကနေ့ ဇန်နဝါရီလ ၃၁ရက်နေ့ နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်ရှေ့ဘယ်ဘက်ခြမ်းဘီးပေါက်ပြီး တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း ကနဦးသတင်းများအရသိရှိရပါတယ်။   

အဆိုပါ ယာဉ်တိုက်မှုကတော့ မိုင်တိုင် အမှတ် ၈၉/၆-၈၉/၇ ကြား တွင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်မောင်းဒေါ်စောစောမြင့်(၅၁)နှစ် အမှတ် ၃၄ နွယ်နီလမ်း စောရန်ပိုင်ရပ်ကွက် အလုံမြို့နယ်နေသူမောင်နှင်ပြီး ဒေါက်တာ စန်းရွှင် ၆၇ နှစ်ဘုရားကြီးရပ်ကွက် ဒဂုံ မြို့နယ်နေသူလိုက်ပါလာသည့် 3F-3---WISH အဖြူရောင် ယာဉ်သည် ရှေ့ဝဲဘက်ဘီးပေါက် ကာလမ်းလယ်ကျွန်းကျော်ပြီး တစ်ဖက်ယာဉ်ကြောပေါ်တွင်ပက်လက်လန်တိမ်းမှောက်ကာဒေါ်စောစောမြင့်တွင်ဒဏ် ရာ(မစိုးရိမ်ရ). ရရှိသဖြင့်. အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ မြို့ချောင်း စခန်း တပ်ဖွဲ့ဝင်များမှ. လူနာဆေးရုံပို့ဆောင်ရေးနှင့်. ယာဉ်ကြော ရှင်းလင်းရေး ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရပါတယ်။ အန္တရယ်များတဲ့ လမ်းမများမှာ ယာဉ်မောင်းသူများသတိပြုမောင်းနှင်နိုင်ဖို့ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ယာဉ်တိမ်းမှောက်မှုပုံရိပ်တွေနဲ့အတူ မျှဝေပေးလိုက်ပါတယ်။

pHOTOS - အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှှုးရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။