Real Madrid နဲ့ Spain အသင်းရဲ့ ကပ္ပတိန်တစ်ယောက်ဖြစ်တဲ့ Sergio Ramos ဟာဆိုရင် သူရဲ့ documentary ကိုစတင်ရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။ သူရဲ့ ဘဝဇာတ်ကြောင်းတွေနဲ့အတူ သူနဲပတ်သတ်တဲ့ အကြောင်းတော်တော်များများကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးတော့မှာပဲဖြစ်ပါတယ်။ သူဟာလဲ တကယ့်ကို ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ပါ။ ကပ္ပတိန်တစ်ယောက်လဲပီသသလို SPAIN လက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ 

အသက် ၃၂နှစ်ရှိပြီဖြစ်တဲ့ Ramos က သူရဲ့ ဘောလုံးကစားသမားဘဝ၊ သူရဲ့မိသားစုရေးရာ နဲ့ သူရဲ့သာမန်ဘ၀ စတာတွေကို အပိုင်း ၈ပိုင်းနဲ့ ထွက်ရှိမယ်လို့ပြောကြားခဲ့ပါတယ်။ Amazon ဟာလဲ Ramos ရဲ့လူတွေမသိသေးတဲ့အကြောင်းတွေနဲ့ ပုံစံတွေကို ပြသသွားမယ်လို့ ပြောခဲ့ပါတယ်။ ဘောလုံးသမားတွေရဲ့ documentary ဟာလဲ ခပ်ရှားရှားပါပဲ။ ဘောလုံးနဲ့ပတ်သတ်တဲ့ ရုပ်ရှင်ကားဟာလဲ ခပ်ရှားရှားရယ်ပါ။ 

Goal ဆိုတဲ့ ဘောလုံးကားကတော့ ပရိသတ်ကြီးသိမယ်လို့မျှော်လင့်ပါတယ်။ အဲ့ကားဟာ ၃ကားထွက်ရှိထားပြီး ဘောလုံပရိသတ်တွေ အတွက် အကြိုက်တွေစေမဲ့ ကားတစ်ကားဖြစ်ပါတယ်။ ပရိသတ်ကြီး မကြည့်ရသေးရင်လဲ ကြည့်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။ Ramos က " ကျွန်တော် ဘောလုံးပရိသတ်တွေကို professional ကစားသမားတစ်ယောက်ရဲ့ ပုံစံကို ပြသရမှာ အရမ်းကို စိတ်တွေလှုပ်ရှားနေပါတယ်....ပြီးတော့ Real Madrid အသင်းကိုယ်စားလုပ်ရမှာဆိုတော့လေ.... " လို့ပြောခဲ့ပါတယ်။

Source : Daily Mail Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။