လက်ရှိအချိန်မှာတော့ သြစတြေးလျနိုင်ငံ တက်စ်မေးနီးယားပြည်နယ်ထဲမှာ တောမီလောင်ကျွမ်းနေပါတယ်။

မနေ့ကဆိုရင်လည်း မီးသတ်သမားတွေဟာ ၎င်းတောမီးကို ကြိုးစားပြီးညှိမ်းသတ်နေကြပေမယ့် အခြေအနေကတော့ထူးခြားလာခြင်းမရှိသေးပါဘူး။

မီးသတ်သမားတွကြိုးစားညှိမ်းသတ်နေပေမယ့် ၎င်းမီးဟာ ငြိမ်းသွားဖို့နေနေသာသာ အခြေအနေပိုဆိုးလာနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ၎င်းမီးကြောင့် ပိုင်ဆိုင်မှု ၃ ခုဆုံးရှုံးခဲ့ရပြီးပြည်နယ်အတွက် အရေးပေါ်သတိပေးချက်ထုတ်ပြန်တာ ၁၄ ကြိမ်ရှိသွားပြီလို့သိရပါတယ်။ 

တက်စ်မေးနီးယားပြည်နယ် ဝန်ကြီးခချုပ် ဝီလ်ဟော့ဒ်မဲန်းကဆိုရင်လည်း ပြည်သူတွေနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေ ဘေးကင်းတဲ့နေရာမှာရှိတာ သေချာစေဖို့ ပေးထားတဲ့ ညွှန်ကြားချက်ကို လိုက်နာရန် သတိပေးပြောကြားထားတယ်လို့လည်းသိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။