အမေရိကန်နိုင်ငံရဲ့ အစိုးရလုပ်ငန်းတွေ ရပ်တန့်မှု အဆုံးသတ်ခဲ့ပြီးမှာတော့ ဝါရှင်တန်ဒီစီက အမျိုးသား တိရစ္ဆာန်ရုံကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါပြီ။

၎င်းတိရစ္ဆာန်ရုံကိုတော့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်ပေးခဲ့တာပဲဖြစ်ပါတယ်။ 

ဒါ့အပြင် ၎င်းတိရစ္ဆာန်ရုံစတင်ဖွင့်လှစ်တာနဲ့ လူကြိုက်များခဲ့တဲ့ Panda Cam အစီအစဉ်ကို အွန်လိုင်းကနေပြန်လည်တင်ဆက်ခဲ့တယ်လို့သိရပါတယ်။

၎င်း Pnanda Cam အစီအစဉ်ကတော့ တိရစ္ဆာန်ရုံအတွင်းမှာရှိတဲ့ ပန်ဒါတွေရဲ့ လှုပ်ရှားသွားလာပုံတွေကို အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ အရှည်ကြာဆုံးသော အစိုးရလုပ်ငန်တွေ ရပ်တန့်မှုကြီးက ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အဆုံးသတ်သွားခဲ့ပြီဖြစ်သလို လူအများလာရောက်လည်ပတ်ကြတဲ့ ဝါရှင်တန်ဒီစီက တိရာစ္ဆာန်ရုံလည်းပြန်လည်ဖွင့်လှစ်ခဲ့ပြီဲဖြစ်တာကြောင့် သွားရောက်လည်ပတ်ချင်သူတွေအနေနဲ့ မိမိတို့ သွားချင်တဲ့အချိန် သွားရောက်လည်ပတ်နိုင်နေပြီပဲဖြစ်ပါတယ်။ 

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။